အခန်း ၂၃၀ ။ နတ်ဆိုးများကိုကယ်တင်ခြင်း
"ငါလုပ်ခဲ့သမျှက သုံးလောကအကျိုးအတွက်ကြီးပဲ" မိစ္ဆာနတ်ဘုရားက နောက်ဆုတ်သွားတယ်။ သူက တလေးတနက် ပြောတော့တယ်။
"ရှန်းရင် ကိစ္စတွေက ထူးဆန်းတယ်ဆိုတာ မင်းမခန့်မှန်းမိဘူးလား၊ ငါ ဒီကိစ္စတွေအားလုံးကို ရှင်းပြဖို့ပဲ မင်းရှေ့ကိုယ်ထင်ပြတာ"
"မဟုတ်ပါဘူး" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။
"တိတိကျကျပြောရရင် ငါနင့်ကို မျှားထုတ်ခဲ့တာ"
"..." မိစ္ဆာနတ်ဘုရားက နှုတ်ခမ်းစေ့သွားတယ်။
"ကောင်းပြီလေ၊ မင်းက ကျိုးကြောင်းမဆီလျော်တဲ့လူ မဟုတ်ဘူးလို့ငါယုံတယ်၊ မဟုတ်ရင် ငါ အဲပထမဆုံးကောင်းကင်အပြစ်ပေးမှု ပို့လိုက်တုန်းက မင်း ငါ့ကို နတ်ဆိုးဘုံမှာ အတင်း ကိုယ်ထင်ပြနေခိုင်းလောက်ပြီ၊ မင်း ငါ့ကိုသတိထားမိတာတောင် ငါမင်းကို ကောင်းကင်ဘုံဆီ ဆင့်ခေါ်တဲ့ထိ စောင့်နေမှာ မဟုတ်ဘူး"
"မဟုတ်ဘူး" ရှန်းရင်က သိသိသာသာ ဇဝေဇဝါဖြစ်နေတယ်။
"ငါနင့်ကိုမမြင်ခဲ့ပါဘူး"
"မင်းခေါင်းမော့ချိန် မင်းငါ့ကို..." မြင်ခဲ့တယ်မဟုတ်ဘူးလား။
"အော်၊ ငါနှာချေချင်ရုံပါ" သူမ ဒီကိုဆင့်ခေါ်ခံရချိန် နွေးသွားအောင် လက်ဖက်ရည်တစ်ငုံ သောက်ဖို့ ပြင်နေခဲ့တာ။
"..."
ဖွီ~
သူမဆီ သွေးအန်ထုတ်ချင်သွားတဲ့ ဒီရုတ်တရက်ဆန္ဒကဘာပါလိမ့်။
တစ်အောင့်အကြာ...။
"အမတနဲ့နတ်ဆိုးဘုံကြားကကိစ္စအကြောင်း ပြောကြရအောင်"
မိစ္ဆာနတ်ဘုရား သူ့ကိုယ်သူစိတ်ငြိမ်အောင် ခဏအချိန်ယူလိုက်ရပြီး ရှုံ့တွနေတဲ့အမူအရာက ပုံမှန် ပြန်ဖြစ်သွားတယ်။
"ငါ ခု စကားစမြည်ပြောဖို့ စိတ်မဝင်စားတော့ဘူး"
ရှန်းရင် လက်ထဲကအသီးလှီးဓားကို တည်တည်ငြိမ်ငြိမ် ဝှေ့ယမ်းပြီး ထရပ်လိုက်တယ်။
"ခဏ" မိစ္ဆာနတ်ဘုရား ဖြူဖျော့သွားပြီး အလိုလို နောက်တစ်လှမ်းပြန်ဆုတ်မိသွားတယ်။ သူ သူ့ခြေထောက်ကို ငုံ့ကြည့်ပြီး အောက်ကို ရုတ်တရက် လက်ညှိုးထိုးလိုက်တယ်။ ကြာပန်းကြီးနှစ်ခုအလယ်မှာ လူနှစ်ယောက်က မျောလွင့်နေတယ်။ ကူယွဲ့နဲ့ ယိချင်း။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်