အခန်း ၃၉၂ ။ မှတ်ဉာဏ်အပိုင်းအစများ

236 44 0
                                    

အခန်း ၃၉၂ ။ မှတ်ဉာဏ်အပိုင်းအစများ

ဘာကြောင့် ရုတ်တရက် အကြွင်းအကျန် ဝိညာဉ်တွေ များလာရတာလဲ။ ဒီနေရာတစ်လျှောက်လုံးထိ အကြွင်းအကျန် ဝိညာဉ်တစ်ခု၊ နှစ်ခုပဲ တွေ့ခဲ့ရတာပါ။ အခြေအနေကြည့်တာ... အကြွင်းအကျန်ဝိညာဉ်တွေက အငြိုးအတေးစွမ်းအင်ရဲ့ ခေါ်ဆောင်ခြင်းကိုခံခဲ့ရတာလား

သူတို့အောက် အကြွင်းအကျန်ဝိညာဉ်တွေ ပိုများလာတယ် - အရေအတွက်က နှစ်ဆလောက် တိုးလာပြီ။ ဒါ့အပြင်၊ အသစ်တွေက ပိုပိုပြီး ကြောက်စရာကောင်းလာတယ်။ သရဲတစ္ဆေအော်ဟစ်သံတွေက ကျယ်လောင်လွန်းလို့ သူတို့ နားစည်အားလုံး အချိန်မရွေးပေါက်ကွဲသွားတော့မလိုပဲ။

ယွင်ဟန့် ခန္ဓာကိုယ် ယမ်းခါသွားတယ်။ သူ့ရှေ့က မြင်ကွင်းတွေနဲ့ အသံတွေကို သူ မတောင့်ခံနိုင်ဘူး။ ကူယွဲ့ ဆူညံသံတွေကို တားဆီးဖို့ စည်းတံဆိပ်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်တယ်။

"ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြတ်တဲ့ဆရာ" ယွင်ဟန့် အနည်းငယ်သက်သာလာတယ်။ အကြွင်းအကျန် ဝိညာဉ် အရေအတွက် တိုးလာတာကို သူ ကြည့်နေမိတယ်။ သူ အသက်ပြင်းပြင်းရှူလိုက်တယ်။

"ကျွန်တော် အင်းကွက်ကိုခင်းပြီး သူတို့ကို သံသရာပို့လိုက်ပါ့မယ်"

"ခဏ" ကူယွဲ့ သူ တံဆိပ်ကို ပုံဖော်တော့မဲ့အချိန် တားလိုက်တယ်။ "အဲဒါတွေ အရမ်းများလွန်းတယ်၊ မင်း သူတို့ကို မင်းဘာသာ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး" ဒါ့အပြင်၊ ကူယွဲ့ သူ့ကို ကြော်ငြာတစ်ခုအနေနဲ့ မလိုအပ်တော့ဘူး။

ကူယွဲ့ ယွင်ဟန့်ကို ဓားနောက်ဘက်ဆီ တွန်းလိုက်တယ်။ လက်နှစ်ဖက်နဲ့ သူ သူတို့ခြေထောက်အောက်မှာ ကြီးမားတဲ့ ပြန်လည်ဝင်စားမှုစည်းတံဆိပ်ကို ဖန်တီးခဲ့ပြီး အကြွင်းအကျန်ဝိညာဥ်အရေအတွက် သိသိသာသာများနေတဲ့ မြေပြင်ကို ချက်ချင်းဖုံးအုပ်သွားခဲ့တယ်။ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ယင်ချီတို့ ဆုတ်ယုတ်လာတယ်။ ကြောက်စရာကောင်းတဲ့ သရဲတစ္ဆေအားလုံး သူတို့မူလရုပ်ရည်ကို ပြန်လည်ရရှိလာကြတယ်။ ဒါပေမဲ့ ပျောက်ကွယ်မသွားဘူး။ အဲအစား လတ်လတ်ဆတ်ဆတ်ယင်ချီ  စီးဆင်းမှုက သူတို့အားလုံးကို ကြောက်မက်ဖွယ် ကောင်းလာစေပြန်တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now