အခန်း ၃၅၀ ။ ကျူးကျော်သူကိုမောင်းထုတ်မှု

366 74 2
                                    

အခန်း ၃၅၀ ။ ကျူးကျော်သူကိုမောင်းထုတ်မှု

ဝူတိကောင်းကင်နန်းတော်၊ ပင်မခန်းမဆောင်။

ကူယွဲ့ မျက်နှာချင်းဆိုင်ကလူကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ သူ့ လှပတဲ့ ကိုယ်ခန္ဓာက အဖြူရောင်အလင်းတွေ တောက်ပနေတယ်။ တစ်ခဏတာ ကူယွဲ့ မတုံ့ပြန်နိုင်ဘူး။ သူက ရှန်းရင်နဲ့ သူ့အစ်မတို့လို စီမံထိန်းသိမ်းသူတွေမြင်ဖူးပေမဲ့ ဒီလောက်အားနည်းတဲ့သူကို မြင်ရမယ်လို့ တစ်ခါမှမတွေးဖူးဘူး။

"အသုံးမကျတဲ့သတ္တဝါတွေ" ခုမှသတိပြန်ရကာစငတုံးက မျက်နှာတစ်ခုလုံးမှာ ရွှံ့တွေနဲ့ ဒေါသတကြီး ထိုင်နေတယ်။

"မင်းတို့ ငါ့ကို မလေးမစားလုပ်တာပဲ၊ မင်းတို့ကို ခုကစပြီး အလင်းရောင်က စက်ဆုပ်သွားပြီ၊ မင်းတို့ အမှောင်ထုထဲ ဆက်နေထိုင်ရပြီး တခြားသတ္တဝါအားလုံးရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မယ်၊ မင်းတို့-"

ဝှီး။

သူစကားမဆုံးခင် ယိချင်းက ဓားကိုဆွဲထုတ်ပြီး သူ့မျက်နှာရှေ့မှာ ဝှေ့ယမ်းလိုက်တယ်။ အဲလူက မျက်နှာဖြူဖျော့သွားပြီး စကားပြောနေရင်း ရပ်သွားကာ နောက်ဆုတ်သွားတယ်။

"မင်း... မင်း နတ်ဘုရားကို... သတ်ချင်တာလား"

"မလုပ်ချင်ပါဘူး" ကူယွဲ့ ကသူ့ကို စိုက်ကြည့်ရင်း ပြန်ဖြေလိုက်တယ်။

"မင်းပါးစပ်မပိတ်ရင်တော့ စမ်းကြည့်ဖို့ ဝန်မလေးဘူး" နောက်ဆုံးတော့ ကျင်းချီရဲ့ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်မှုက ဘယ်ကလာတယ်ဆိုတာကို နားလည်သွားပြီ။ ဒီလို စီမံထိန်းသိမ်းသူတစ်ယောက်နဲ့ သူ ဒီလောက် မိုက်မဲတုံးအနေတာ အံ့သြစရာ မရှိတော့ဘူး။

"ပြော - ဒီမျက်နှာပြင်မှာ ဘာလုပ်နေတာလဲ"

"မျက်နှာပြင်လား" အဲလူက ဇဝေဇဝါဖြစ်သွားတဲ့ပုံ။ "ဘာမျက်နှာပြင်လဲ"

"တုံးအတဲ့ပုံ ဟန်ဆောင်နေတာ ရပ်လိုက်တော့" ကူယွဲ့က ရှန်းရင်ကို ညွှန်ပြလိုက်တယ်။

"သူက ဒီမျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူ၊ ငါတို့က သူ့လက်ထောက်တွေ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now