အခန်း ၂၂၉ ။ မိစ္ဆာနတ်ဘုရား၏ကောင်းကင်ဗိမာန်

615 103 0
                                    

အခန်း ၂၂၉ ။ မိစ္ဆာနတ်ဘုရား၏ကောင်းကင်ဗိမာန်

ကောင်းကင်က မည်းမှောင်လာတဲ့ပုံ။ သူတို့ တောင်ကြားထဲ ရောက်နေပြီပဲ။ သူတို့ပတ်လည်က တိမ်တိုက်မည်းတွေနဲ့ ‌ လေပြင်းတွေက ဘေထုထူထဲလာတာနဲ့အတူ ပိန်းပိတ်အောင် နက်မှောင်သွားစေခဲ့တယ်။

သူတို့ တုံ့ပြန်ချိန်တောင် မရလိုက်ခင်မှာတင် ငမည်းလေးရဲ့နဖူးတည့်တည့်ကို ခရမ်းရောင်မိုးကြိုး ပစ်သွားတာ မြင်လိုက်ရတယ်။ နောက်အခိုက်အတန့်မှာတော့ သူ့မျက်ခုံးကြားမှာ အနီရောင်သဏ္ဌာန်တစ်ခု ပေါ်လာတယ်။ ကျောက်စိမ်းပြားပေါ် ထွင်းထားတဲ့ပုံစံနဲ့ အတူတူပဲ။

"ဒါတကယ့်ကို မိစ္ဆာနတ်ဘုရားရဲ့စည်းတံဆိပ်ပဲ" ကူယွဲ့က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ဒီလိုခပ်ပေါပေါ ဂါထာရွတ်မှုက မိစ္ဆာနတ်ဘုရားရဲ့ စည်းတံဆိပ်ကို အသက်သွင်းနိုင်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဘူး။ ဒါဆို အနည်းဆုံး အဇဋာဧကရာဇ်ဖြစ်သရွေ့ စည်းတံဆိပ်ကို ရယူနိုင်မယ်ဆိုတာ အမှန်ပဲလား။

ငမည်းလေးက သူ့နဖူးကို အလိုလိုထိပြီး သူ့ကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို စစ်ဆေးလိုက်တယ်။ ကံကောင်းချင်တော့ သူ့ကိုယ်မှာ ဘာခြေလက်ရော သွေးကြောမှ ပျောက်မနေဘူး။ သူ စိတ်အေးသွားကာ သက်ပြင်းချပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်-"

"ဆရာ ဖက်ထုတ်တွေရပါပြီ" ယိချင်းက ကြားဖြတ်ပြောပြီး ဖက်ထုတ်တစ်အိုး ရှန်းရင်ကို ခင်းကျင်းပေးလာတယ်။

သူ အဲလောက်တောင် မြန်ရလား။ သူ တမင်သက်သက်လုပ်နေတာပဲ - အဲလိုလုပ်နေတာပဲဖြစ်ရမယ်

O(≧口≦)O

"ကြီးမြတ်တဲ့နတ်သမီး၊ ခုလေးတင် အဆာသွတ်မုန့်တွေ စားထားတာလေ၊ အခုဒါကိုစားလိုက်ရင် ဖောယောင်လာလိမ့်မယ်" သူက လေးနက်တဲ့အမူအရာနဲ့ မေးလိုက်တယ်။

"ဆရာ့ရဲ့ဝိညာဉ်လက်ဖက်ရည်ကို ပြင်ဆင်ပြီးပါပြီ" ယိချင်းက ခင်းကျင်းပေးလာတယ်။

"..."

"ကြီးမြတ်တဲ့နတ်သမီး၊ အဆာသွတ်နဲ့ ဖက်ထုတ်တွေက ခြောက်ကပ်လွန်းပါတယ်၊ တစ်ပြိုင်နက်စားရင် သူတို့က ရေဓာတ်ခန်းခြောက်အောင် လုပ်လိုက်လိမ့်မယ်"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now