အခန်း ၂၈၇ ။ ဒယ်အိုးဇောက်ထဲ

486 80 0
                                    

အခန်း ၂၈၇ ။ ဒယ်အိုးဇောက်ထဲ

ကူယွဲ့က စားဖိုမှူးကို ကြည့်ကာ သက်ပြင်းချလိုက်တယ်။

"မစိုးရိမ်ပါနဲ့၊ အဲခွေးကောင်မိစ္ဆာနတ်ဘုရားကို တစ်နေ့ကျ ငါတို့ပြုပြင်ပစ်မယ်"

"ဆရာဒီမှာရှိတာ တော်သေးတာပေါ့" ယိချင်းက လက်စားချေဖို့ကို စိတ်ဝင်စားတဲ့လေသံ လုံးဝမပေါ်တော့ဘူး။

"ဘယ်မှာပဲရှိရှိ ကိစ္စမရှိဘူး"

ဟေး၊ မင်း အခြေခံကိုယ်ကျင့်တရားကို ထိန်းပေးလို့ရမလား။ ကူယွဲ့ နောက်တစ်ကြိမ် လေထဲ ချဉ်စူးစူးရနံ့ ရလိုက်ပြန်တယ်။

"ရှန်းရင်ရဲ့ အစ်မက ငါတို့ကို မကြာခင်ပြန်ပို့ပေးလိမ့်မယ်" ကူယွဲ့က ရှန်းရင်ဘက် လှည့်လိုက်တယ်။

"ဟုတ်တယ်မလား"

"ဟမ်" အဲလိုမဟုတ်လောက်ဘူးဟ။

"ဘာဟမ်လဲ" ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။

"မင်း ပြန်သွားပြီး အဲမိစ္ဆာနတ်ဘုရားကို မပြုပြင်ချင်ဘူးလား"

"အဲဒါက ဒုက္ခများလွန်းတယ်..."

"မင်းဖင်ကိုဒုက္ခများ ဒီလိုအဆင့်မှာ မင်း အဲလောက်ကြီး မပျင်းလို့မရဘူးလား" မင်းတပည့် ဒဏ်ရာရခဲ့တာနော်။

"ပြီးတော့ မင်း ဘာလုပ်နေတာလဲ၊ သူ့ဆံပင်ဖြီးနေတာ နေ့တစ်ဝက်လောက် ရှိနေပြီ၊ စားဖိုမှူးက ယောက်ျားလေးနော် - ဆံပင်နှစ်ဖက်ခွဲစည်းပေးတာ သူ့အတွက် သင့်တော်လို့လား"

"ကြည့်ကောင်းပါတယ်ဟ"

"င့ါခြေထောက်ကို ကြည့်ကောင်း" သူ့ကြည့်ရတာ ကြောက်စရာကောင်းနေပြီ။

"ကျွန်တော်လည်း ‌ကြည့်ကောင်းတယ်ထင်တာပဲ"

"မင်းကပ်ဖားယပ်ဖားကောင် - ပါးစပ်ပိတ်ထားစမ်း"

——————

ယိချင်းက သူ့ကိုယ်သူ အမတစားဖိုမှူး - မဟုတ်ဘူး ကောင်းကင်စားဖိုမှူးအဖြစ် တကယ်ပဲ လေ့ကျင့်ထားတာလား ကူယွဲ့စိုးရိမ်မိတယ်။ ရှန်းရင်နဲ့ သူ့အတွက် တစ်လပဲ ကြာပေမဲ့ စားဖိုမှူးအတွက်တော့ နှစ်၃၀၀၀‌ကြာသွားခဲ့ပြီ။ ဒါပေမဲ့ သူ့အရည်အချင်းက နည်းနည်းလေးတောင် မယုတ်လျော့သွားခဲ့ဘူး။ လိုအပ်သမျှက ရှန်းရင်အိမ်မှာ ဖုန်တက်နေတဲ့ မီးဖိုချောင်သုံး ဟင်းချက်ပစ္စည်းတွေနဲ့ ကိရိယာတွေကို လုံးဝသက်သောင့်သက်သာရှိဖို့ ယိချင်းအတွက် အတိုချုံးရှင်းပြချက်ပဲ။ သူက သူ့ဓားသိုင်းတွေကို လေ့ကျင့်တာတွေထက်တောင် ဒီပစ္စည်းတွေကို ပိုပြီးမြန်မြန် ကျွမ်းကျင်သွားတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now