အခန်း ၂၃၉ ။ ကျောင်းလုံ၏ လမ်းညွှန်မှု

590 107 1
                                    

အခန်း ၂၃၉ ။ ကျောင်းလုံ၏ လမ်းညွှန်မှု

ကျောင်းလုံမျက်လုံးတွေ ပြူးထွက်လာတယ်။ အလိုလို သူက ပါးစပ်ပိတ်ပြီး သူထွေးထုတ်တော့မဲ့ မိုးကြိုးတွေကို ပြန်မျိုချလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ပြန်လှည့်ပြီး ရပ်ဖို့အတွက်က နောက်ကျလွန်းသွားပြီ။ ဟိန်းသံအကျယ်ကြီးနဲ့အတူ နဂါးက မြေကြီးထဲ ထိုးစိုက်ကျသွားပြီး သစ်ပင်တွေကို အမြစ်ကျွတ်သွားစေတာများ မြေအောက်ရထားတစ်စင်း ရထားလမ်း ချော်သွားတဲ့အတိုင်းပဲ။

ရှန်းရင် ဆူညံသံတွေ ကြားလိုက်ရပြီး သစ်ပင်တွေထဲက လေထဲ တစ်တန်းတည်းဖြစ်နေကာ နောက်တော့ မြေကြီးပေါ်ပြန်ကျသွားတာ မြင်လိုက်ရတယ်။ အဝေးကြီးကနေ သူမ ကျောင်းလုံရဲ့ ကိုယ်ကနေ ပဲ့အက်သံတွေ ကြားနေရတယ်။ တစ်ခုခု ကျိုးသွားတဲ့အသံပဲ။

"ဟေး နင် အသက်ရှင်နေသေးရဲ့လား" ရှန်းရင် သစ်ကိုင်းတစ်ခုကို လှမ်းယူပြီး နဂါးရဲ့ ကိုယ်ကို လှမ်းထိုးလိုက်တယ်။ သူ့ခေါင်းက မြေကြီးထဲမြုပ်နေဆဲ။ ဘာလို့ အကြောင်းမရှိ သင်းခွေချပ်လို လုပ်နေရတာတုံး။ အရိုးကျိုးသွားတာလား။

ရှန်းရင်က သေချာကြည့်ပြီး နဂါးကိုမေးလိုက်တယ်။

"နင်ကတကယ်ပဲ ညွှန်ကြားရေးမှူးရဲ့ မြွေနဂါးရှည်ကြီးလား" ခု ပိုပြီး ကြမ်းထော်လာပေမဲ့ အရသာရှိဦးမဲ့ပုံပဲ။

နဂါးက ခုန်ပြီးကြည့်ရတာ သတိပြန်လည်လာတဲ့ပုံ။ သူ့ခေါင်းက မြေကြီးထဲကနေ ဗြုန်းခနဲထွက်လာပြီး နဂါးတစ်ကိုယ်လုံး ပေအနည်းငယ်နောက်ပြန်ဆုတ်သွားတော့တယ်။ သူက ရှန်းရင်ကို ကြောက်လန့်တကြား ကြည့်နေတယ်။

"ကြီး... ကြီး... ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ခင်-ခင်-ခင်ဗျား... ဒီမှာဘာလုပ်နေတာလဲ၊ ဒါက... ဒါက ကောင်းကင်ဘုံ မဟုတ်ဘူးလား"

"နင်က တကယ့်အဲဒီမြွေနဂါးရှည်ကြီးပဲ" ရှန်းရင်အံ့ဩသွားတယ်။

"ဟေး အတော်တောင်ကြာပြီနော် နင့်ပုံစံကြည့်ရတာ အရင်နဲ့ ကွဲပြားနေပြီ"

နင့်ချိုတွေကတောင် မတူတော့ဘူး။

"ကြီးမြတ်တဲ့နတ်ဒေဝါ... ကျွန်တော်က အခု နဂါးဖြစ်နေပြီလေ၊ သေချာပေါက်မတူတော့ဘူးပေါ့"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now