အခန်း ၂၇၂ ။ ကမ္ဘာဖျက်ဆီးအင်းကွက်
"ပြန့်ရှင်းချန်က စောနက အင်းကွက်အတွက် ပူဇော်မှုတွေအဖြစ် ဝိညာဉ်တွေကိုသုံးခဲ့တာပဲ၊ သူ တခြားအင်းကွက်တစ်ခုခုကို အသက်သွင်းခဲ့တာပဲဖြစ်ရမယ်" ပိုင်ဇယ် အထိတ်တလန့် ရေရွတ်လိုက်ပြီး လူတိုင်းကို အလင်းတန်းနီလမ်းကြောင်းက ထွက်ဖို့ ဟန်ပန်ပြလိုက်တယ်။
သူတို့တွေ တုံ့ဆိုင်းမနေဘူး။ သူတို့ဓားပေါ်တက်ပြီး အလင်းတန်းနီကြီးတွေဆီကနေ ဝေးနိုင်သမျှဝေးဝေး ပြေးထွက်လာခဲ့တယ်။ သူတို့ပြန်လှည့်ကြည့်ချိန် အလင်းနီကြီးက တစ်လောကလုံးကို ရစ်ပတ်ထားတဲ့ ပင့်ကူမျှင်တွေလို မိုးကုပ်စက်ဝန်းတစ်လျှောက် မြန်ဆန်စွာပျံ့နေတာ မြင်လိုက်ရတယ်။ အလင်းတန်းတစ်ခုစီက တိမ်တိုက်တွေထိ ရောက်လာတာများ မြေအောက်လောကတစ်ခုလုံး အလင်းနီ ဖုံးလွှမ်းသွားတဲ့အထိပဲ။
မြေကြီးကခုဆို ပိုပြီးတောင် တသိမ့်သိမ့်တုန်လာတယ်။ အင်းကွက်က မမြင်ရတဲ့တစ္ဆေတွေရဲ့ ငိုသံတွေကို ပိုကျယ်လောင်လာစေတယ်။ အသံတွေက အာခေါင်ခြစ်အော်နေပြီး နားကွဲမတတ်။ ခရီးသွားဝိညာဉ်တွေက ပြင်းထန်စူးရှတဲ့ နာကျင်မှုတစ်မျိုးမျိုးကို ခံစားနေရသလိုမျိုး အကာအကွယ်ရှာဖို့ ကြိုးစားနေခဲ့တယ်။
"အဲဘက်ကနေ မတူညီတဲ့ အရှိန်အဝါတွေလာနေတာကို အာရုံခံမိတယ်" ယိချင်းက ရုတ်တရက် သူ့ညာဘက်ကို လက်ညှိုးထိုးပြီး အော်တယ်။
"အဲဘက်မှာ၊ ဘုံနှစ်ခုဆက်စပ်နေတဲ့နေရာ"
လူအုပ်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြတယ်။
"သွား"
သူတို့တစ်ဖက်လှည့်ပြီး မြေအောက်ဘုံထွက်ပေါက်ဆီ ပျံသန်းခဲ့တယ်။ နဂိုက တစ်နာရီလောက်ကြာမဲ့ခရီးက ခုဆို ဆယ်မိနစ်တောင် မပြည့်ဘူး။ သူတို့ လောကကြီးနှစ်ခုရဲ့ ကန့်လန့်ဖြတ်ပိုင်းမှာ ရောက်နေတာ မြင်လိုက်ရတယ်။ ဒါက သူတို့မြန်တာမဟုတ်ဘဲ... မြေအောက်ဘုံက ကျုံ့လာတာ။
Σ(°△°|||)
အလင်းတန်းဖြူကြီး ပေါ်လာတယ်။ လေထဲ အလင်းရောင်ဖျော့ဖျော့ နံရံတစ်ခုက ကမ္ဘာနှစ်ခုကြား ပေါ်လာပြီး မြေအောက်လောကကို အပြင်လူတွေဆီကနေ ချိတ်ပိတ်ထားလိုက်တယ်။ နံရံပေါ်မှာတော့ အမျိုးအမည်မသိတဲ့ အင်းကွက်တချို့။ အဲအင်းကွက်တွေက မြေအောက်ဘုံမှာ ပြည့်သွားတဲ့ အနီရောင်အလင်းနဲ့ ထိတွေ့ချိန် မမြင်ရတဲ့ အားတစ်ခုက အလင်းရောင်နံရံကို မြေအောက်လောကဆီ ဆွဲခေါ်နေတယ်။
![](https://img.wattpad.com/cover/352961897-288-k628634.jpg)
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်