အခန်း ၂၅၈ ။ ခြေတစ်ထောင်၌ရှာခြင်း

563 96 1
                                    

အခန်း ၂၅၈ ။ ခြေတစ်ထောင်၌ရှာခြင်း

ကူယွဲ့ အမြန် ချိပ်တစ်ခုဖန်တီးပြီး အကြွင်းအကျန်ဝိညာဉ်နဲ့ချိတ်ဆက်လိုက်တယ်။ တစ်ခဏနေတော့ ပုံရိပ်နှစ်ခု လက်ကျန်ဝိညာဉ်ပေါ် ပေါ်လာတယ်။ တစ်ခုက အကြွင်းအကျန် ဝိညာဉ်ရဲ့နေရာဖြစ်တဲ့ သူတို့လောလောဆယ်ရောက်နေတဲ့နေရာပဲ။ တခြားတစ်နေရာကတော့ မသေမျိုးချီ အင်မတန်နည်းပါးတဲ့နေရာ။ ဖန်သားနဲ့ လုပ်ထားတဲ့ပုံပေါ်တဲ့ အကြည်ရောင်တောင်ထွတ်ကြီးတွေ မျောလွင့်နေတာ အများကြီးပဲ။ တစ်ခုချင်းစီရဲ့ထိပ်ဖျားမှာ ကျောင်းဆောင်တစ်ခုလိုမျိုးရှိတဲ့ပုံ။

"ဒါ... ခြေတစ်ထောင်တောင်ပဲ" ကျူမင်က အံ့ဩတကြီးရေရွတ်လာတယ်။

"ခြေတစ်ထောင်တောင်က ဘယ်မှာလဲ"

ကူယွဲ့မေးလိုက်တယ်။

"အဲဒါ ချန်းယွဲ့ရှန်းကျွင်းနေတဲ့နေရာ - ကောင်းကင်လောကရဲ့ အရှေ့ဘက်အခြမ်းမှာ"

ကျူမင်က မျက်မှောင်ကြုတ်တယ်။

"ချန်းယွဲ့ရှန်းကျွင်းရဲ့စိတ်နေစိတ်ထားက အေးစက်ပေမဲ့ သူက ကောင်းကင်လောကမှာ လေးစားရတဲ့အနေအထားနဲ့ လူမျိုးပဲ၊ ဒီလိုရက်စက်တဲ့အင်းကွက်ကို ဖန်တီးမယ်လို့မထင်ဘူး၊ မင်းတို့ရှာနေတဲ့လူက ဘာလို့အဲမှာရှိနေတာလဲ"

"ရောက်မှပဲ သိရတော့မယ်၊ ကျေးဇူးပါ တာအိုရောင်းရင်းကျူ" ကူယွဲ့ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ သူ့အဖော်နှစ်ယောက်ဘက် လှည့်တယ်။

"သွားကြစို့ ငါတို့ သူ့ကိုသွားရှာရအောင်"

ယိချင်းက တုံ့ဆိုင်းမနေဘူး။ သူ ချက်ချင်း သူ့ဓားပျံကိုဆွဲထုတ်လိုက်တယ်။ ရှန်းရင်က ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ် ပါနေတဲ့ အလုံးကိုကောက်ယူပြီး စားဖိုမှူးရဲ့ဓားပေါ် တက်လိုက်တယ်။ သူတို့ ဆန်းကြယ်ဘုံထဲကနေ အတူတူ ပျံထွက်လာခဲ့ကြတော့တယ်။

——————

သုံးယောက်သား ခြေတစ်ထောင်တောင်ကို ရောက်လာချိန်မှာတော့ ဘာလို့ အဲလိုနာမည်ပေးလဲ နားလည်သွားကြတယ်။ ပတ်ပတ်လည်က နေရာတိုင်းဟာ လေထဲပျံနေကြတဲ့ ဖန်တောင်တန်းတွေ။ နေရောင်ကို ဖမ်းစားထားတဲ့ ချွန်မြတဲ့ ဓားမြှောင်တွေနဲ့တူပြီး ဖြတ်သွားဖြတ်လာ မျက်လုံးအကြည့်တွေထဲ ရောင်ပြန်ဟပ်နေတယ်။ အဲဒီဖန်သားတွေကလည်း လှုပ်နေတာ။ အားလုံးပေါင်းလိုက်ရင် ဒီနေရာက ကြီးမားတဲ့အင်းကွက်ကြီးတစ်ခုခုရဲ့ ဖုံးလွှမ်းခံထားရတာမျိုးနဲ့ တူနေတာပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now