အခန်း ၃၅၄ ။ အက်ကွဲကြောင်းများ

349 66 0
                                    

အခန်း ၃၅၄ ။ အက်ကွဲကြောင်းများ

"ဘာတွေထူးလဲ" ကူယွဲ့ သူတို့ပတ်ပတ်လည်မှာ ထွက်ပေါ်လာတဲ့ ရာနှင့်ချီတဲ့ သတိပေးချက်တွေကို ကြည့်လိုက်တယ်။

"ဘယ်လိုလုပ် ဒီလောက်များ‌ရတာလဲ"

"ကောင်းကင်ဘုံဆီ ပြန်သွားကြမယ်" ရှန်းရင်က အသံနက်နက်နဲ့ ပြောပြီး သူမလက်ပတ်ကို တန်းနှိပ်လိုက်တယ်။ ကူယွဲ့ သူ့မျက်လုံးရှေ့ အလင်းတန်းတစ်ခုကို ခံစားလိုက်ရပြီး ခဏအကြာတွင် သူတို့ ကျယ်ပြောလွန်းတဲ့ နေရာတစ်ခုဆီ ပြန်ရောက်လာခဲ့တယ်။

ဒါပေမဲ့ စောနကလို စိမ်းလန်းတဲ့ တောင်တန်းတွေ၊ မြစ်တွေရှိတဲ့နေရာနဲ့ မတူတော့ဘဲ အခု ကောင်းကင်ဘုံက ကြယ်ရောင်စုံ ကောင်းကင်ယံကို မြင်နေရတယ်။ ပတ်ဝန်းကျင်က မှောင်မိုက်နေပြီး မှိတ်တုတ်မှိတ်တုတ် ကြယ်‌လေးတွေ သူတို့ရှေ့ပေါ်လာတယ်။ အာကာသဟင်းလင်းပြက်က ကြယ်စုနဲ့တူတယ်။

"ဒါ ကောင်းကင်ဘုံလား" ကူယွဲ့ အံ့သြသွားတယ်။ စောနတုန်းကနဲ့ ဘယ်လိုလုပ် ကွဲပြားသွားတာလဲ။

"အိုး ဒါက စတူဒီယိုပုံစံပါ" ရှန်းရင်က ခပ်ပေါ့ပေါ့ဖြေတယ်။

"..." အဲတော့ ကောင်းကင်ဘုံမှာ တကယ်ပဲ ပုံစံအမျိုးမျိုးရှိတယ်ပေါ့ မင်းက ‌မိစ္ဆာနတ်ဘုရားရဲ့နေရာကို ယူရုံတင်မက ပြန်ပါပြုပြင်ထားတာလား။

o(╯□╰)o

ရှန်းရင်က အလင်းမျက်နှာပြင်တစ်ခု ချက်ချင်းဆွဲထုတ်ကာ လုပ်ငန်းတချို့ ဆောင်ရွက်လိုက်တယ်။ ချက်ချင်းပဲ သူတို့ရှေ့ကကြယ်တွေ ကြီးကုန်ပြီး ခဏအတွင်း ဘောလုံးအရွယ်အစား အကြည်ရောင် ‌အလင်းလုံး‌လေးတွေဖြစ်ကုန်တယ်။ အလင်းလုံးတွေက သူတို့ကိုဝိုင်းလာတယ်။ မျက်နှာပြင်တွေပေါ်မှာတော့ တောင်တွေ၊ ပင်လယ်တွေ၊ ကန်တွေကို ဝိုးတဝါးမြင်နေရလေရဲ့။

"ဒါတွေက... သုံးလောကပဲ" ကူယွဲ့ လန့်သွားပြီး ရှေ့ကို တစ်ချက်တိုးကြည့်လိုက်တယ်။ တကယ်ပဲ အလင်းလုံးတစ်ခုချင်းစီက ကမ္ဘာတစ်ခုစီရဲ့မြင်ကွင်းကိုပြ‌သနေတယ်။ အဲတော့ ဒီကြယ်ကောင်းကင်ယံက ဒီမျက်နှာပြင်တစ်ခုလုံးရဲ့ ပုံစံအမှန်အစစ်လား။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now