အခန်း ၃၉၆ ။ မြောက်ပိုင်းမြေကို ပြုပြင်ခြင်း

212 37 0
                                    

အခန်း ၃၉၆ ။ မြောက်ပိုင်းမြေကို ပြုပြင်ခြင်း

ချက်ချင်းပဲ အင်မတန်တောက်ပတဲ့ ရွှေရောင်အလင်းက တောက်ပလာတယ်။ ပတ်ဝန်းကျင်က အငြိုးအတေးစွမ်းအင်တွေအားလုံးက ယွင်ဟန့် ကိုယ်ထဲကို အမျိုးအမည်မသိ အားအင်တစ်ခုက ဆွဲလိုက်သလိုမျိုး အသည်းအသန် ပြေးဝင်လာကြတယ်။ ပြီးတော့ဖောက်ထွင်းမြင်ရလုနီးပါး ဝိညာဉ်တစ်ခုက အငြိုးအတေး စွမ်းအင်အပြင်ကို တန်းပြီးလွင့်မျောလာကာ အပေါ်က ရွှေရောင်အင်းကွက်ထဲ ဖြည်းဖြည်းချင်း မြင့်တက်သွားတယ်။

ယွင်ဟန့်ကိုယ်ထဲကနေ ဝိညာဥ်အလင်းစက်လေးတွေကလည်း စတင်လွင့်မြောလာတယ်။ သူတို့က အပေါ်ကဝိညာဥ်ထဲ စုစည်းသွားကြတယ်။ အငြိုးအတေးစွမ်းအင်ရဲ့ သက်ရောက်မှုကြောင့် ဖောက်ထွင်းလုနီးပါး ဖြစ်နေတဲ့ စုန့်ရန်ရဲ့ဝိညာဥ်ကလည်း သိသိသာသာ အရှိန်နှုန်းနဲ့ စပြီးအကောင်အထည်ပေါ်လာတယ်။ 

သွေးချီအနီစက်လေးတွေကလည်း တခြားခန္ဓာကိုယ်အစိတ်အပိုင်းမှာ စပြီး ဖွဲ့စည်းသွားကြတယ်။ အဲဒီအကောင်အထည်ပေါ်လာတဲ့ခန္ဓာကိုယ်က ချက်ချင်း သက်ရှိ အငွေ့အသက်မျိုး ရလာကာ တစ္ဆေဝိညာဥ်ကနေ သက်ရှိဝိညာဥ်အဖြစ်ကို နောက်ဆုံးပြန်ပြောင်းသွားခဲ့တယ်။ အဲ့တော့မှ ယွင်ဟန့်လက်က ရပ်သွားခဲ့တယ်။ သူ့တစ်ကိုယ်လုံးကို အငြိုးအတေးစွမ်းအင်တွေ ဖုံးကွယ်လုနီးပါး ဖြစ်နေပေမဲ့ သူ့နှုတ်ခမ်းထောင့်မှာတော့ အပြုံးရိပ်သန်းနေခဲ့တယ်။

"ပြီးတော့...ငါတောင်းပန်ပါတယ်"

သူ့ကိုယ်ပေါ်က အငြိုးအတေးစွမ်းအင်တွေက ချက်ချင်းသန့်စင်သွားပြီး သူ့တစ်ကိုယ်လုံး စတင်ပျောက်ကွယ်လာတယ်။ နောက်အခိုက်အတန့်မှာ သူကလုံးဝပျောက်ကွယ်သွားခဲ့ပြီး မီးတောက်လို အလင်းစက်လေးတွေသာ ထွက်ပေါ်နေခဲ့တော့တယ်။

ကူယွဲ့ စည်းတံဆိပ်တစ်ခုဖန်တီးပြီး ယွင်ဟန့်ရဲ့ ကျန်ခဲ့တဲ့ ဝိညာဥ်အပိုင်းအစလေးတစ်ခုကို သိမ်းဆည်းလိုက်တယ်။ သူသက်ပြင်းချမိတယ်။ သူ ဒီတစ်ကြိမ် ပြန်ဝင်စားခွင့်မရဘဲ ဘယ်လောက်ကြာကြာ မေ့ပျောက်မြစ်ထဲ နေရမယ်ဆိုတာ မသိဘူး။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now