အခန်း ၃၅၈ ။ အုပ်စုလိုက်အချိန်ခရီးသွား

345 67 0
                                    

အခန်း ၃၅၈ ။ အုပ်စုလိုက်အချိန်ခရီးသွား

"မင်းတို့ သောက်ကျိုးနည်း ဘယ်လိုလုပ် ဒီလောက်ပိုက်ဆံအများကြီး အကြွေးတင်သွားတာလဲ" ကူယွဲ့ နှစ်ယောက်ကို စိုက်ကြည့်နေတယ်။

"ဖေဖေနျို ငါ..." ရှန်းရင် ဖြေဖို့လုပ်တယ်။

"ပါးစပ်ပေါက်ပိတ်" ကူယွဲ့ သူမကိုတန်းတားလိုက်ပြီး သူမဘေးကစားဖိုမှူးကိုလှည့်ကြည့်လိုက်တယ်။

"မင်းငါ့ကိုပြော" ရှန်းရင်ကို စိတ်ထဲမထားနဲ့၊ သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရတာ နေသားကျနေပြီ။ ဒါပေမဲ့ စားဖိုမှူးကတောင် ဘယ်တုန်းက အဲလောက် အားကိုးမရတော့တာလဲ။

"ဆရာနဲ့ ကျွန်တော် ရောက်လာတဲ့အချိန် ဒီမြို့ရဲ့ မတူတဲ့နေရာတွေမှာကျသွားခဲ့တယ်လေ၊ အဲဒါက နေ့လယ်စာချိန်ကျော်နေပြီ၊ ဆရာ့ကိုတွေ့ချိန် သူက မြို့ထဲက အမတစားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတာ၊ ဆရာလည်း ဗိုက်ဆာနေတာနဲ့ အများကြီးစား..."

"အဲဒါပဲလား"

စားဖိုမှူးအကြည့်က ပျာယာခတ်သွားပြီး ဆက်ပြောတယ်။

"အဲဆိုင်က ဝိညာဉ်ထမင်းက ကောင်းတာသိလိုက်ရတာနဲ့ ကျွန်တော်ပါ လမ်းကြုံဝယ်မိလိုက်တယ်"

"မင်းတို့တွေ ဘုရင့်စားတော်ပွဲစားနေတာလား၊ တကယ်လို့ စားပြီး ဝိညာဉ်ထမင်းကို စားပြီးဝယ်လာရင်တောင် ဝိညာဉ်ကျောက်တုံးသောင်းချီကို မသုံးလောက်နိုင်ဘူးမလား"

ကျင့်ကြံသူအများစုက အစာကင်းလွတ်မှု အောင်မြင်ထားတာမို့ စားသောက်ဖို့မလိုဘူး။ ဒါကြောင့် ကျင့်ကြံသူအများစုရဲ့ စားသောက်ဆိုင်တွေက ဈေးမကြီးဘူး။ အလွန်ဆုံးမှ ဝိညာဉ်ကျောက်တုံးရာချီနည်းနည်းအကျော်ပေါ့။

"ကျသင့်တာမှ... ဝိညာဉ်ကျောက်တုံး၈၃လုံးတည်းပါ"

"ဒါဆိုတခြားဟာတွေကရော"

"တခြားက..." ယိချင်း အမူအရာ မဆိုစလောက် ပြောင်းလဲသွားပြီး ချောင်းဟန့်လိုက်တယ်။

"ကျွန်တော်တို့ ခုမှနားလည်လိုက်တာက စားသောက်ပြီးတဲ့နောက်မှာ ဝိညာဉ်ကျောက်တုံးတွေ ပါမလာဘူးဆိုတာ၊ အဲဒါကြောင့်... ခင်ဗျားကိုရှာဖို့ စင်မြင့်တစ်ခုငှားပြီး လမ်းမှာ လူပျောက်ရှာတဲ့ မီးပန်းကိုပါ ဝယ်ခဲ့တယ်၊ ပြီးတော့... သောင်းချီဖြစ်လာတာပဲ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now