အခန်း ၃၅၅ ။ မုန်လာဥဖြူ၏ ပြင်ဆင်ရေး နည်းလမ်း

404 73 0
                                    

အခန်း ၃၅၅ ။ မုန်လာဥဖြူ၏ ပြင်ဆင်ရေး နည်းလမ်း

ကူယွဲ့က ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူနဲ့သိပ်မဝေးတဲ့နေရာမှာ ခွဲခြားအင်းကွက်တစ်ခုရှိနေတာ နားလည်လိုက်ရတယ်။ သူ လှည့်ကာ အဲဘက်ဆီ လျှောက်လာခဲ့တယ်။

အင်းကွက်ထောင့်တစ်ခုကိုဖယ်ဖို့ လက်ခုပ်တီးလိုက်တော့ ချက်ချင်းပဲ သူ့ရှေ့က မြင်ကွင်းက ကန့်လန့်ကာကို တင်လိုက်သလိုမျိုး ထောင့်ဘက်ကနေ မြင်ရတယ်။ နောက်မှာ ကြယ်ရောင်စုံကောင်းကင်တစ်ဝက်နဲ့ ကိုယ်လုံးတီးပုံသဏ္ဌာန်တစ်ခု...။

သူ့နောက်က လှုပ်ရှားမှုကို အာရုံခံမိဟန် အင်္ကျီကိုမနေတဲ့ မုန်လာဥဖြူက လှည့်လာတယ်။ ကူယွဲ့က သူ့တင်ပါးပေါ်က အဖြူရောင်အရိပ်နှစ်ခုကို မြင်လိုက်ရတယ်...။

"အာ စိတ်ရှုပ်စရာလူ၊ ပြန်လာပြီပေါ့" လူအသွင်ပြောင်းထားပေမဲ့ ကိုယ်တစ်ပိုင်းဗလာကျင်းနေတဲ့ မုန်လာဥဖြူက လှမ်းခေါ်ပြီး သူ့ဆီလျှောက်လာတယ်။

ကူယွဲ့ ပါးစပ်တွန့်သွားပြီး အင်မတန်မြန်ဆန်တဲ့အရှိန်နဲ့ လက်ထဲက ခွဲခြားအင်းကွက်ကို ပြန်ချကာ နောက်ထပ် ခွဲခြားအင်းကွက်အလွှာတွေ ထပ်ပေါင်းထည့်လိုက်တယ်။ ဒီမဖွယ်မရာမြင်ကွင်းကို ကာပြီးမှပဲ သူ သုန်သုန်မှုန်မှုန် ပြန်လျှောက်လာခဲ့တယ်။

"မုန်လာဥဖြူ ဘာလုပ်နေတာလဲ" သုံးလောကရှေ့ ညစ်တီးညစ်ပတ် ပြုမူနေတာလား။

ရှန်းရင်က စားဖိုမှူးဆီက အသားကင်တစ်တုံးကိုယူပြီး သဘာဝကျဆုံးဖြေလိုက်တယ်။

"အပွင့်ပွင့်နေတာ" ဒါမသိသာလွန်းဘူးလား။

"အပိုတွေ သူအပွင့် ပွင့်နေတယ်ဆိုတာတော့ သေချာပေါက် ငါသိတာပေါ့"

ဒါက မုန်လာဥဖြူလုပ်တတ်တဲ့ တစ်ခုတည်းသောအကွက်ပဲလေ။

"ဘာအတွက် အပွင့်ပွင့်နေတာလဲ"

"မျက်နှာပြင်ကို ပြုပြင်ဖို့" ရှန်းရင်က အသားကိုကိုက်ဝါးရင်းဖြေတယ်။

"ပြင်ဖို့လား" ကူယွဲ့ မှင်တက်သွားတယ်။

"ဘာဆိုလိုတာလဲ" ဘယ်တုန်းက မုန်လာဥဖြူမှာ ဒီလိုအစွမ်းရှိသွားတာလဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now