အခန်း ၂၂၆ ။ ကိုယ့်ကိုခွင့်လွှတ်ပေးပါ အချစ်လေး
"ငါ့... ငါ့ကိုထူပေးပါဦး" ကျန့်ထင်က တွင်းအောက်ခြေကနေ တုန်ယင်နေတဲ့လက်ကိုမြှောက်လာတယ်။
လေးယောက်သား တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ငမည်းလေးက ရှေ့တက်ကာ လက်ကိုဆန့် လူကို တွင်းထဲကနေ ဆွဲထုတ်ပြီးတော့... အလွယ်လေး ချည်နှောင်လိုက်တယ်။
"မင်းတို့ ဘာလိုချင်တာလဲ" ကျန့်ထင် ဖက်ထုတ်လိုချည်ခံရပြီးတဲ့နောက် တစ်ခုခု လွဲနေတာ သတိထားမိပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။
"မင်းတို့က ဘယ်သူလဲ၊ ငါ မင်းတို့ကို သတိပေးမယ်နော်၊ ငါ့ကိုလွှတ်ရင်လွှတ် မဟုတ်ရင် အကျိုးဆက်ခံစားရလိမ့်မယ်"
"ကျန့်ထင်၊ မင်းတကယ် အသက်ရှင်နေသေးတာပဲ" ငမည်းလေးက သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။ အဲဒါတင်မကဘူး သူ့ကျင့်ကြံဆင့်ကလည်း သိပ်မကျသွားသေးဘူး။
"မင်း..." ကျန့်ထင်က သူ့ကိုစိုက်ကြည့်ပြီးတော့ မျက်လုံးတွေပြူးသွားတယ်။
"လိယင်း မင်း ဘာလို့ ဒီရောက်နေတာလဲ" သူ့အမူအရာက အေးစက်လာပြီး စိုးရိမ်ကြောင့်ကြမှုနဲ့ ပြောတယ်။
"ငါမင်းကို နတ်ဆိုးဘုရင် ရာထူးပေးပြီးပြီပဲ၊ ဘာလိုချင်သေးတာလဲ"
"ဖွီ" ငမည်းလေး သူ့ကိုဒေါသတကြီးကြည့်တော့တယ်။
"နတ်ဆိုးဘုရင်ရာထူးက ငါ့အရည်အချင်းနဲ့ငါ အနိုင်ရခဲ့တာ အသိသာကြီး၊ ဘယ်သူက မင်းကို ငါ့ကို ပေးစေချင်လို့လဲ"
"ဒါဆို ဘာလို့ငါ့ကိုချည်ထားတာလဲ၊ ငါက အခု ပျော်ရွှင်ဖွယ်သံစဉ်တောင်ကြားမှာ သီးခြားနေနေတဲ့ သာမန်နတ်ဆိုးပဲ၊ ငါက မင်းအတွက် ဘာခြိမ်းခြောက်မှုမှ မဟုတ်ဘူး"
"စိတ်အေးအေးထား ငါတို့မင်းကို ဘာမှမလုပ်ဘူး၊ ကြီးမြတ်တဲ့နတ်သမီးက မင်းကို မေးခွန်းတချို့မေးချင်ရုံပဲ" သူက ခက်ထန်စွာပြောလိုက်တယ်။
"မင်း အမှန်တိုင်းဖြေရင်တော့ ကောင်းမယ်"
"ကြီးမြတ်တဲ့နတ်သမီးလား" ကျန့်ထင်က တစ်ခဏ မှင်တက်သွားပြီးတော့ တခြားသူတွေကို ကြည့်လိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်