အခန်း ၃၃၃ ။ အောင်မြင်သော ဝဋ်ကြွေးချေဆင်းသက်မှု

374 78 0
                                    

အခန်း ၃၃၃ ။ အောင်မြင်သော ဝဋ်ကြွေးချေဆင်းသက်မှု

"ဟင့်အင်း၊ စားဖိုမှူးက ဒီလိုမျိုး စိတ်နတ်ဆိုးဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး" အခုမှ မိုးကြိုးအချက်၅၀ကျော်ပဲ ထိမှန်ခံရသေးတယ်။ နောက်ထပ်အချက်၃၀ကျော် ကျန်သေးတယ်

"အိုး" ရှန်းရင်အကြည့်က မည်းမှောင်သွားတယ်။

"ဒါဆို ရပ်လိုက်ကြရအောင်"

အဲလိုပြောပြီး သူမက ရုတ်တရက် လက်ထုတ်ကာ လေထဲ လက်ဖျောက်တီးလိုက်တယ်။

ချက်ချင်းပဲ ကောင်းကင်ကနေ ဆင်းလာတဲ့ မိုးကြိုးက "ရပ်" ခလုတ်ကို နှိပ်လိုက်သလိုမျိုး စားဖိုမှူးခေါင်းပေါ်မှာ ရပ်သွားခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးကြား အနီရောင်မီးတိုင်တစ်ခု ပေါ်လာသလိုမျိုးပဲ။

ဝိုး။

ကူယွဲ့ ။ ။ "..." မင်း ဒီလိုမျိုးတောင် လုပ်နိုင်တာပေါ့

ရှန်းရင် ဝဋ်ကြွေးချေခြင်း ဖြတ်သန်းနေတဲ့လူဆီ တန်းတန်းမတ်မတ် လျှောက်လာခဲ့တယ်။ သူမက သူ့ရဲ့ မည်းနက်နေတဲ့ခန္ဓာကိုယ်နဲ့  နာကျင်နေတဲ့အမူအရာကိုကြည့်ကာ သက်ပြင်းချပြီး သူ့ဘေးထိုင်ချ၊ လူကိုပုတ်လိုက်တယ်။

"စားဖိုမှူး"

ယိချင်းအမူအရာက ပိုဆိုးသွားပြီး အချိန်အတော်ကြာမှ မျက်လုံးဖွင့်တယ်။ ချက်ချင်းပဲ နီရဲနေတဲ့ မျက်ဝန်းတစ်စုံက သူမကို တန်းတန်းမတ်မတ်ကြည့်တယ်။ သူက လုံးဝကို စိတ်နတ်ဆိုးထဲရောက်နေပြီး သူမကိုကြည့်တဲ့ အကြည့်ထဲ ပထမဆုံးအကြိမ် စိတ်ပျက်မှုတချို့ ပါဝင်နေတယ်။

"ဆရာ" သူ့မျက်လုံးတွေက ပြူးကျယ်လာကာ စွပ်စွပ်စွဲစွဲမေးတော့တယ်။

"ကျွန်တော်က ဘယ်သူလဲ၊ ဆရာ ကျွန်တော့်ကို ဘယ်သူ့အဖြစ်မြင်နေတာလဲ"

ရှန်းရင်က မှင်တက်သွားပြီး အံ့ဩမှုတချို့ သူမမျက်ဝန်းတွေထဲ ဖြတ်သွားတယ်။

"စားဖို-"

"ကျွန်တော်က ဆရာ့စားဖိုမှူး မဟုတ်ဘူး" သူ ရုတ်တရက် ဖိနှိပ်ထားတဲ့ ခံစား‌ချက်တွေအကုန် တစ်ချိန်တည်းမှာ ပေါက်ကွဲထွက်သလိုမျိုး ထအော်တော့တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now