အခန်း ၂၇၃ ။ ဝိညာဉ်ထိန်းချုပ်သိုင်း

538 91 0
                                    

အခန်း ၂၇၃ ။ ဝိညာဉ်ထိန်းချုပ်သိုင်း

အဲလူက သတိပြန်ဝင်လာချိန် သူ့အေးဆေးပြီး ကြင်နာတဲ့ဟန်ပန်အမူအရာကို ဆက်ပြီး ထိန်းထားတယ်။ ပိုင်ဇယ့်ကိုပြုံးပြကာ သူကပြောလာတယ်။

"ပိုင်ဇယ်ရှန်းကျွင်း၊ အတော်ကြာပြီနော်"

"ဘာလို့ ခင်ဗျားဖြစ်နေတာလဲ" ပိုင်ဇယ်က သူ့မျက်လုံးကိုတောင် သူမယုံနိုင်။ သူ ဟုန်ယွီနဲ့ အဆက်အဆံရှိခဲ့တာ အတော်ကြာပြီ။ တစ်ဖက်လူက လောကကြီးရဲ့တခြားရေးရာတွေကို စိတ်ထဲမထားသူအနေနဲ့ အမြဲသတ်မှတ်ခဲ့တာလေ။ သူက အမြဲကြင်နာပြီး ဘယ်သူနဲ့မှ ပဋိပက္ခ မဖြစ်ဖူးဘူး။

သူက ကောင်းကင်လောကတစ်ခုလုံးမှာ ကျင့်ကြံဆင့်အမြင့်ဆုံးဆိုပေမဲ့ တောရိုင်းသားရဲတွေကိုတောင် အန္တရာယ်မပေးဘူး။ သူက သူ့ကိုယ်ပိုင်သိုင်းတွေကိုတောင် တခြားသူနဲ့ မျှဝေချင်တဲ့လူစားမျိုး။

"ဟုန်ယွီ၊ ခင်ဗျား... တကယ်ပဲ မြေအောက်လြောကို ဖျက်‌ဆီးချင်နေတာလား"

ဟုန်ယွီ့အပြုံးက ပိုပြီးတောင် ပီပြင်လာတယ်။ အနေခက်မှုမရှိ သူကပြောတယ်။

"ဒါက ဘဝပေးတာဝန်ပဲ"

"ဘာလို့လဲ" ပိုင်ဇယ်က မြေအောက်လောကကို ဖျက်ဆီးချင်သူက သူလို့ လုံးဝမ‌စဉ်းစားဖူးဘူး။

"ငါလုပ်သမျှက သုံးလောကရဲ့ ဘုံသားတွေအတွက်ပဲ"

"သာမန်လူတွေအတွက်လား၊ မြေအောက်ဘုံ မရှိဘဲ သုံးလောကရဲ့သက်ရှိတွေက ဘယ်လို ပြန်ဝင်စားနိုင်မှာလဲ"

"ငါပြန်လည်ဝင်စားမှုတွေ ထပ်မလိုချင်တော့ဘူး"

ပိုင်ဇယ် တန့်သွားတယ်။

"ဘာဆိုလိုတာလဲ"

ဟုန်ယွီ့မျက်လုံးထဲ တိမ်ဖုံးသွားပြီး မျက်နှာက တည်ငြိမ်နေဆဲ။ တစ်အောင့်ကြာတော့ သူကဖြေတယ်။

"ပိုင်ဇယ်၊ ငါက မင်းနဲ့ကွာခြားတယ်၊ ငါက ရှေးဟောင်းကာလတည်းက အသက်ရှင်လာခဲ့တာ၊ ငါ့အနီးစပ်ဆုံးမိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက် ငါ့ကိုထားသွားကြတာ မြင်ခဲ့ရတယ်၊ မိတ်ဆွေပဲဖြစ်ဖြစ် ရန်သူပဲဖြစ်ဖြစ် သံသရာစက်ဝန်းထဲဝင်သွားတာနဲ့ အားလုံးကို မေ့သွားကြတယ်၊ ငါက တစ်ယောက်တည်း ကျန်ရစ်နေခဲ့ရတာ၊ သူတို့ဝိညာဉ်က တူတူပဲဆိုပေမဲ့ အရင်တုန်းကလူ မဟုတ်တော့ဘူး၊ ငါ သူတို့ကို ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ ထပ်တလဲလဲ စဉ်းစားနေခဲ့တာ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Tempat cerita menjadi hidup. Temukan sekarang