အခန်း ၂၆၄ ။ စားဖိုမှူးက နှေးကွေးလွန်း

552 104 10
                                    

အခန်း ၂၆၄ ။ စားဖိုမှူးက နှေးကွေးလွန်း

"ဟိုလီရှစ် စားဖိုမှူး မင်းဘာလုပ်နေတာလဲ" ကူယွဲ့က မြန်မြန်တုံ့ပြန်ပြီး ယိချင်းကို ပြန်ဆွဲထားလိုက်ရတယ်။

"လမ်းကနေဖယ် ဆရာ့ကို စရဲတဲ့အဲခွေးလေးကို သတ်ပစ်မယ်"

ယိချင်းရဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ကြောက်ခမန်းလိလိ။ တကယ်လို့ ကူယွဲ့သာ မပြင်ဆင်ထားရင် သူက ယိချင်း တွန်းထုတ်တာကို အလွယ်တကူခံလိုက်ရမှာ။

"ဘာလို့အလျင်လိုနေရတာလဲ၊ သူ့ကို အရင်စကားဆုံးအောင် ပြောခိုင်းပါဦး" ကူယွဲ့က ယိချင်းကို ထိုင်ခုံပေါ်ထိန်းထားဖို့ မှော်အတတ်သုံးလိုက်ရတယ်။  သူ ဒီအရှုပ်အထွေးတွေအတွက် တာဝန်ရှိပြီး လောလောဆယ် စားပွဲမှာ အသီးထိုင်စားနေတဲ့ တစ်ယောက်သောသူကို ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။

"ပြီးတော့ ဘာဆက်ဖြစ်လဲ၊ မင်းပိုင်ဇယ့်ကို အင်းလို့ ပြောလိုက်လား"

"မပြောခဲ့ဘူး" ရှန်းရင် ခေါင်းယမ်းလိုက်တယ်။

ကူယွဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ယိချင်း နောက်ဆုံးတော့ စိတ်အေးသွားခဲ့ပြီ။

"သူ့ကို ငြင်းလိုက်လား"

"မငြင်းခဲ့ဘူး"

"..."

သောက်ကျိုးနည်းဟ။

ကူယွဲ့ နှုတ်ခမ်းသပ်လိုက်တယ်။

"မင်း ဘယ်တုန်းက သူများတွေကိုစဖို့ သောက်ကျိုးနည်း သင်ယူလိုက်တာလဲ၊ ဘယ်လိုလုပ် ဒီလိုမျိုးဆယ်ကျော်သက်မိန်းကလေးတွေလှည့်ကွက်မျိုး သုံးနိုင်ရတာတုံး"

သူ သူမကို ခပ်ညစ်ညစ်ကြည့်လိုက်တယ်။

"ငါ ပြောချင်ပေမဲ့ သူက မေးခွန်းမေးပြီးတဲ့အချိန် မျက်နှာကိုအုပ်ပြီးထွက်ပြေးသွားတယ်လေ၊ ငါ့ကို အဲမှာ တစ်ယောက်တည်းထားခဲ့တာ" ရှန်းရင် ကူယွဲ့ကို အပြစ်ကင်းစွာကြည့်လိုက်တယ်။ ပိုင်ဇယ်က ယုန်တစ်ကောင်လို ပြေးသွားတာမြန်ချက်ပဲ - ပြီးတော့ ယုန်က အနီရောင်။

"ငါ သူ့ကို ရပ်ဆိုပြီး အော်ဖို့အခွင့်အရေးတောင် မရလိုက်ဘူး၊ ငါ အကြာကြီးလျှောက်သွားပြီးမှ နောက်ဆုံးတော့ ဒီနေရာဆီ အပြန်လမ်းကို ရှာတွေ့တာ" သူမ နေ့လယ်စာအတွက်တောင် အချိန်မီ ပြန်မရောက်ခဲ့ဘူး။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now