အခန်း ၂၁၅ ။ ဂိုဏ်းတိုက်ပွဲ
ဝူတိဂိုဏ်းပတ်လည်က ကောင်းကင်မှာ အမတတွေပြည့်နေပြီး အားလုံးက မသေမျိုးချီတွေ ဖွေးဖွေးလှုပ်နေကြတယ်။ ဟွေ့လင်နဲ့ခုမင်ကလွဲရင် အနည်းဆုံးမဟူရာအမတတွေဖြစ်ကြတဲ့ တခြားတိုက်က နာမည်ကြီးအမတတွေပါရှိနေတယ်။ အံ့ဩစရာကောင်းတာကတော့ ဖုန့်ချန်က ဘယ်တိုင်းပြည်ဧကရာဇ်မှ ဒီမှာရှိမနေတာပဲ။ သူတို့နှစ်ယောက်နောက် လိုက်တဲ့လူတွေက ကျင့်ကြံဆင့်နိမ့်တဲ့ မျက်နှာစိမ်းတွေ။
အမတတွေက အငြိုးနဲ့ရောက်လာပြီး သတိမပေးဘဲ အစီအရင်ကိုတိုက်ခိုက်ကြတော့တယ်။ ဓမ္မဂါထာတွေအမျိုးမျိုးကို အသုံးချပြီး ကောင်းကင်တစ်ခုလုံးကို ရောင်စုံမှော်ပညာအလင်းတန်းတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ပစ်လွှတ်တာနဲ့ တောင်အကာအကွယ်အင်းကွက်က တားဆီးတာခံရပြီး ဘယ်သူမှ မဖောက်ထွက်နိုင်တော့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လန်ဟွားကိုယ်တိုင် တောင်အကာအကွယ်အင်းကွက်ကို စီရင်ခဲ့တာဆိုတော့ အမတဧကရာဇ်ကျင့်ကြံဆင့်လောက်နဲ့ သူတို့ မဖောက်ဝင်လာနိုင်ဘူး။ တစ်ချိန်တည်းမှာပဲ ဝူတိဂိုဏ်းတပည့်တွေအားလုံး နန်းတော်ရှေ့က ရင်ပြင်ထဲ စုဝေးနေကြပြီ။
ပြောင်ထင်လည်း သိသွားပြီး အမတတွေပြည့်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ သူတို့ ဘာလုပ်နေကြတာတုံး။ အတူတူသေတွင်းတူးနေကြတာလား။
"အားလုံးပဲ၊ ဝူတိုဏ်းက အဇဋာလောကကို အုပ်ချုပ်ချင်တဲ့ ရူးနှမ်းနှမ်းရည်မှန်းချက်တွေရှိတယ်၊ ဒါကြောင့် ဧကရာဇ်တွေကို ထောင်ချောက်ဆင်ပြီး သူတို့ကိုသေစေခဲ့တာ၊ ငါတို့အမတတွေအားလုံးကို ဧကရာဇ်တွေက ကာကွယ်ပေးခဲ့တာ ကြာလှပြီ၊ အခု ဒီလို ဘေးဒုက္ခကျရောက်ချိန် ငါတို့ သူတို့အတွက် လက်စားချေပေးဖို့လိုတယ်" လေထဲ ယောက်ျားတစ်ယောက်အသံက ရုတ်တရက် အသံထွက်လာပြီး ဝူတိဂိုဏ်းတစ်ခုလုံးတစ်လျှောက် အပ်ခိုးထပ်သွားစေခဲ့တယ်။
အဲချိန် လေထဲက အမတတွေက ပိုပြီးတောင် တရှူးရှူးဖြစ်လာကာ လက်စားချေဖို့အတွက် စတင်အော်ဟစ်ကြတော့တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်