အခန်း ၃၃၆ ။ ပုံရိပ်ယောင်ပင်လယ်မှ သားရဲဘေးဒုက္ခ
ကူယွဲ့က အံ့အားသင့်သွားတယ်။ လောကကြီးက တကယ်ပဲ မြန်မြန် ပြောင်းလဲနေတာပဲ။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေတောင် ခု ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတွေဖြစ်နေပြီပေါ့။ သူ အတိတ်က ကြက်ကင်အစ်မကိုတောင် မှတ်မိသွားလေရဲ့။ အား တကယ်ပဲ အချိန်က မပြောင်းလဲနိုင်တာ တကယ်မရှိဘူးပဲ။
"အဲဒါ လက်လွတ်စပယ်ပြောမိတဲ့ မှတ်ချက်ပါ" သူ အလောတကြီး တောင်းပန်လိုက်တယ်။ ရှေ့မှာ ပိုပိုများလာတဲ့ သားရဲဒီရေကို ကြည့်ပြီး လေထဲကျန်ရစ်တဲ့ နှစ်ယောက်တည်းသော နတ်ဝိညာဉ်ကျင့်ကြံသူတွေကို လှည့်ကြည့်ကာ ပြောလိုက်တယ်။
"ခင်ဗျားတို့နှစ်ယောက် သားရဲဒီရေကို တားဖို့ ဒီမှာနေရစ်ခဲ့လို့ရတယ်၊ ကျုပ်တို့ ရှေ့ဆက်သွားပြီး တစ်ချက်ကြည့်လိုက်မယ်"
"ကောင်းပါပြီ" လော့ဟုန် ခေါင်းညိတ်လိုက်တယ်။ သူတို့ ဆက်သွားနေရင် သားရဲတွေက သူတို့ ရင်ဆိုင်နိုင်တဲ့အတိုင်းအတာတွင်း ဟုတ်တော့မှာမဟုတ်ဘူး။ သူ နတ်ဝိညာဉ်အဆင့်တက်လှမ်းကာစ ယိချင်းကို လှည့်ကြည့်လိုက်တယ်။
"ဒါဆိုယိ..."
"သူက ကျုပ်တို့နဲ့ လိုက်မှာ၊ စိတ်ချပါ၊ သူ သေချာပေါက်ရင်ဆိုင်နိုင်တယ်"
လော့ဟုန်က ခဏမှင်တက်သွားပေမဲ့ ဆက်မမေးတော့ဘူး။ သူက လက်သီးဆုပ်ကာ နှုတ်ဆက်တဲ့ အမူအရာနဲ့ စကားဆိုတယ်။
"ဆရာသခင်နှစ်ယောက်၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ" အဲလိုပြောပြီး သူက နှစ်ယောက်ကို နောက်တစ်ခေါက်ကြည့်ကာ အောက်ကသားရဲတွေဆီ ပျံဆင်းသွားခဲ့တယ်။
သုံးယောက်သား ရှေ့ကိုဆက်ပျံသန်းလာခဲ့ပေမဲ့ သူတို့ဝေးဝေးရောက်လာလေ ရှေ့ကမြင်ကွင်းကြောင့် ထိတ်လန့်လာလေပဲ။ သားရဲတွေက နေရာတိုင်းထူထဲနေတာပြီး ဒီရေတွေလို ပြေးဝင်လာတယ်။ သူ လှိုင်းလုံးကြီးတွေလိုပဲ မြင်ရတယ်။ အရင်က ဒီလောက်များတဲ့ မိစ္ဆာသားရဲတွေကို သူတစ်ခါမှမမြင်ဖူးဘူး။
"ဘယ်လိုလုပ် မိစ္ဆာသားရဲတွေ အဲလောက်များနေရတာလဲ" ပြီးတော့ သူတို့အဆင့်က မနိမ့်ဘူး။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်