အခန်း ၃၁၆ ။ တရားခံ

386 77 1
                                    

အခန်း ၃၁၆ ။ တရားခံ

"ဒါ... အဲဒါကျင်းချီပဲ" လော့ဟုန်က လူကိုမှတ်မိတယ်။

"သူက ခိုးသွားတဲ့သူပဲ" ဝံပုလွေဘုရင်က ဆက်ပြောတယ်။

"ကျွန်တော်တို့တွေ သူ့ကိုဝတ်ရုံစိမ်းဂိုဏ်းမှာ ရှာမတွေ့ဘူး၊ နောက်တော့မှ ဒီကလေးကို ရိုးသားမှုဂိုဏ်းက ကယ်သွားတာသိခဲ့ရတာ၊ အဲဒါကြောင့် ကျွန်တော်တို့..." သူတို့သာ ဓားကျင့်ကြံသူပါဖြစ်တဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်မှုအဆင့် ကျင့်ကြံသူတစ်ယောက် ရှိမှန်းသာသိရင် သူ လုံးဝမလာခဲ့ပါဘူး။

ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူ ဒီကိစ္စက ကျူးကျော်သူနဲ့ဆိုင်တယ်လို့တော့ အနည်းနဲ့အများ မှန်းမိပေမဲ့ တကယ်ကြီးဖြစ်နေမယ်မထင်ခဲ့ဘူး။ မိစ္ဆာတွေအများကြီး ပထမဆုံး အဲရွာမှာပေါ်လာပြီး နောက်တော့ ဝတ်ရုံစိမ်းဂိုဏ်း၊ ခု ရိုးသားမှုဂိုဏ်းမှာပေါ်လာတာမဆန်းတော့ဘူး။ သူတို့လိုက်နေတာ ကျင်းချီကိုး။

ဒါပေမဲ့ ကျင်းချီက သူက အဲမိစ္ဆာတွေကို ဆွဲဆောင်တဲ့လူဆိုတာ သိရက်သားနဲ့ ဘာကြောင့် တစ်ခါမှ မပြောရတာလဲ။ ပြီးတော့ ဆွေးနွေးမှုတစ်ခုလုံးမှာ မလုံမလဲဖြစ်နေတဲ့ပုံလည်း လုံးဝမပေါ်ဘဲ လုံးဝကို တရားသဖြင့် အမူအရာမျိုးနဲ့ နေနေတာ။ ဒါက တခြားကလေးသာဆို မှန်တဲ့ပုံ မပေါ်လောက်ပေမဲ့ သူက သာမန်ကလေး မဟုတ်ဘူး။

လော့ဟုန်မျက်နှာလည်း မည်းနက်သွားတယ်။ သူ လှည့်ကာ အမိန့်ပေးလိုက်တယ်။

"အနောက်တောင်ဆီသွားပြီး ကျင်းချီကိုခေါ်လာခဲ့"

"ဟုတ်ကဲ့" တပည့်တစ်ယောက်က လှည့်ထွက်သွားပြီး ချက်ချင်းပျံထွက်သွားတယ်။

ဝံပုလွေဘုရင်ရဲ့မျက်ဝန်းတွေက မျှော်လင့်ချက်နဲ့ တောက်ပကုန်တယ်။

ဒါပေမဲ့ ကူယွဲ့က သူ့ကို အဲလောက်အလွယ်လေး လွှတ်ပေးဖို့ မရည်ရွယ်ထားဘူး။

"မင်းမှာ အကြောင်းပြချက်ရှိရင်တောင် ဝတ်ရုံစိမ်းဂိုဏ်းတစ်ခုလုံးကို သတ်ပြီး လူတွေ အများကြီး စားခဲ့လို့ လွှတ်မပေးနိုင်ဘူး"

ဝံပုလွေက နောက်တစ်ကြိမ် ညှိုးကျသွားပြန်ပြီး ပိုတောင်ပြင်းပြင်းထန်ထန် တုန်ယင်သွားတယ်။ ဓမ္မဂါထာတစ်ခု ဖြစ်ခါနီးဆဲဆဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now