အခန်း ၂၇၀ ။ မဟာနှလုံးမဲ့တာအို
ဖုန်းညာန်ရဲ့အရှိန်က အင်မတန်မြန်ဆန်ပြီး ကြောက်ခမန်းလိလိနာကျည်းမှုစွမ်းအင်တွေဖုံးလွှမ်းနေလို့ ရှန်းရင်တောင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။ ချန်းယွဲ့ ဖုန်းညာန်ရဲ့ တွန်းထုတ်မှုကို ခံလိုက်ရတယ်။ သူမရဲ့ နာကျည်းမှုစွမ်းအင်က သူ့ဓမ္မဝတ်ရုံကို အရည်ပျော်သွားစေပြီး အောက်ခံတွေကိုပါ အရည်ပျော်သွားစေလို့ ကိုယ်တုံးလုံးရပ်နေရတယ်။
ရုတ်တရက် သူ့ကိုယ်ပေါ် ရွှေရောင်အလင်းပေါ်လာပြီး ဖုန်းညာန် ပြန်ကွက်ထွက်သွားခဲ့တယ်။ သူ့ပတ်လည်မှာ ရွှေကြာပန်းအရိပ်ပေါ်လာပြီး သူ့ကိုအထဲမှာပိတ်လှောင်ထားလိုက်တယ်။ နာကျည်းမှုစွမ်းအင်က လွင့်ပျောက်သွားပြီး ချန်းယွဲ့က အသက်ပြင်းပြင်းရှူကာ ဖုန်းညာန်ကို အကြောက်တရားပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်။
"မင်း... မင်းက..." ကျူမင်က တစ်စုံတရာကို နားလည်သွားဟန် ချန်းယွဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
ချန်းယွဲ့က ခြောက်ကပ်ကပ်ရယ်တယ်။ ဖေဖေနျိုနဲ့တစ်ပုံစံတည်းတူတဲ့မျက်နှာက ပြောင်းလဲသွားပြီ။ သူ့အယောင်ဆောင်ထားမှုက မျက်စိရှေ့တည့်တည့်မှာတင် ပျောက်ကွယ်လာတယ်။ စက္ကန့်အနည်းငယ်အကြာမှာတော့ သူ့မျက်နှာက လုံးဝကိုပြောင်းလဲသွားပြီ။
"တကယ်ပဲမင်းကိုး" ကျူမင့်မျက်လုံးတွေ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့တာပေါ့။
"မင်း... ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"
ဖုန်းညာန်က စောနက အရှိန်ကြောင့် ပြန်သက်သာလာပြီး အရှေ့ကို နောက်တစ်ကြိမ် ဝင်တိုးပြန်တယ်။ ချန်းယွဲ့ရဲ့ ရုပ်ရည်သွင်ပြင် ပြောင်းလဲမှုတွေကို လုံးဝသက်ရောက်မှုမရှိတဲ့ပုံ။
"ပြန့်ရှင်းချန်၊ ငါနင့်ကိုသတ်မယ်... နင့်ကိုသတ်မယ်..." သူမက လုံးဝကို သွပ်သွပ်ခါအောင် ရူးသွားပြီ။ သူမက ရွှေရောင်အလင်းကြောင့် ထပ်တလဲလဲ ကန်ထွက်နေပေမဲ့ ဆက်တိုက်ဝင်တိုက်နေတယ်။ သူမ ဝင်တိုက်တိုင်း ဝိညာဉ်က နည်းနည်းစီပိုအားနည်းလာပြီး သူမကိုယ်ပတ်လည်က နာကျည်းမှုစွမ်းအင်တွေက ပိုတိုးလာတယ်။ သူမတစ်ကိုယ်လုံး နာကျည်းမှုစွမ်းအင်တွေနဲ့ ဖန်တီးထားသလိုမျိုးနီးပါးတောင် ဖြစ်နေပြီ။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်