အခန်း ၃၅၁ ။ နတ်ဆိုးဘုံမှ ဖြစ်ရပ်ဆန်း

370 69 0
                                    

အခန်း ၃၅၁ ။ နတ်ဆိုးဘုံမှ ဖြစ်ရပ်ဆန်း

နောက်အခိုက်အတန့်မှာ အဖြူရောင်အလင်းတစ်ခု တောက်ပလာတယ်။ မြင်ကွင်းက ပျောက်ကွယ်သွားပြီး လမ်းကြောင်က သူ့ဘာသာပိတ်သွားတာမို့ လေထုက နဂိုမူ‌လအခြေအနေဆီ ပြန်ရောက်သွားခဲ့တယ်။

ကူယွဲ့ နောက်ဆုံးတော့ ပုံမှန် အသက်ပြန်ရှူနိုင်ပြီ။ သူက ရှန်းရင်ဘက် မျက်နှာချင်းဆိုင်လိုက်တယ်။

"သူပြောတဲ့ပုံအရဆို... ကျင်းချီနဲ့ ဒီငတုံးနတ်ဘုရားက ဒီကို မတော်တဆ ရောက်လာတယ်လို့ ခံစားနေရပါလိမ့်၊ ဒီကိုရောက်လာဖို့ မရည်ရွယ်ထားပုံပဲ"

"အင်း အမှန်ပဲ သူတို့မရည်ရွယ်ဘူး" ရှန်းရင်က ခေါင်းညိတ်ပြီး ထိုင်ချတယ်။ သူမက သစ်သီးတစ်လုံးကို ကောက်ယူကာ ဝါးတယ်။

"ဒါဆို ဘာဖြစ်‌နေတာလဲ" ကူယွဲ့မေးလိုက်တယ်။

"သင့်တော်တဲ့ လုပ်ငန်းဆောင်တာအရဆို ဒီမျက်နှာပြင်ကို ကူးပြောင်းခွင့်ရဖို့ မင်းခွင့်ပြုချက် လိုတယ်မဟုတ်ဘူးလား။ အဲဒါ ရှန်းကျင်းက သူတို့နှစ်ယောက်လုံးအတွက် ပါမစ် ထုတ်ပေးခဲ့ရတဲ့အကြောင်းရင်း မဟုတ်လား။

မဟုတ်ရင် ကျူးကျော်သူတွေက အတင်းအကြပ်ဝင်လာတဲ့အခါ အရင်က စားဖိုမှူးတုန်းကလို ငြင်းပယ်ခံရမှာပဲ။ ပြောရရင် သူတို့ ခုလောက်ဆို သေလုနီးပါးဖြစ်နေရမှာ။ ဒါပေမဲ့ ကျင်းချီဝိညာဉ် သူ့ကိုယ်ကနေ ကွဲထွက်သွားတာကလွဲ ဒီလူနှစ်ယောက်ကလုံးဝအကောင်းပတိအတိုင်းပဲ။

အစကတော့ နတ်ဘုရားက သူ့ကိုယ်ပိုင်မျက်နှာပြင်ရဲ့ စီမံထိန်းသိမ်းသူမို့ အင်အားကြီးတာကြောင့်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ နတ်ဘုရားက စားဖိုမှူးကို လက်ရုံးချင်းတောင်မယှဉ်နိုင်တာ ကိုယ်တိုင်မြင်ခဲ့ရတယ်။ သူတို့တွေ မျက်နှာပြင်ငြင်းဆန်မှုကို တောင့်ခံနိုင်မှာ မဟုတ်တာ အသိသာကြီး။

"သူတို့ ဒီကို ဘယ်လိုဘေးကင်းပြီးရောက်လာတာလဲ" ကူယွဲ့ အဖြေမထုတ်နိုင်။ မျက်နှာပြင်က ကျူးကျော်သူတွေကို ငြင်းဆန်တာကနေ အနားယူနေတာလား။

"သူတို့တွေ မျက်နှာပြင်တံခါးတွေကို မသုံးခဲ့တာတောင် ဖြစ်နိုင်တယ်"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now