အခန်း ၃၀၈ ။ နာမည်ကတ်စာရင်းသွင်းခြင်း
ရှန်းရင်က မျက်လုံးထဲ တောက်ပမှုတွေနဲ့ ကြည့်ပြီး ဆက်တိုက်မေးခွန်းတွေမေးနေတဲ့ ရှေ့ကလူကို ကြည့်နေမိတယ်။ ရှန်းရင် သူ့ကိုဖြေချင်တဲ့ အခိုက်အတန့်တွေ ရှိပေမဲ့ သူမ ကြားဖြတ်မပြောနိုင်သလို နားထဲလည်း သူ့ရဲ့အဆက်မပြတ်စကားပြောမှုတွေပဲ။
မေးခွန်းတချို့အပြီးမှာ သူနောက်ဆုံးတော့ ပင်ပန်းသွားပုံပဲ။ အသံက နှေးလာပြီး သူ့မျက်ခွံတွေလည်း အိပ်ချင်မူးတူး ကျဆင်းလာခဲ့တယ်။ သူက နဂိုတည်းက ကလေးတစ်ယောက်ပဲလေ၊ မနက်တည်းက ထမင်းနှစ်နပ်စာ ချက်ရပြီး ခန္ဓာကိုယ်ထဲ ချီလမ်းညွှန်နည်းကို သင်ယူထားကာစမို့ ပင်ပန်းမှာပုံမှန်ပဲ။
"ဆရာ ဆရာ၊ နှစ်ယောက်လုံးပြောတာတွေကို ကျွန်တော် နားမလည်တာ... များတယ်၊ ကျွန်တော်... တစ်ခုခုကို မေ့သွားခဲ့တာလား"
"ဆရာဆရာ ကျွန်တော် အရသာရှိတဲ့ စားစရာတွေ အများကြီး... အများကြီးလုပ်ပေးနိုင်တယ် ဒါကြောင့်... ကျွန်တော်နဲ့ အမြဲနေမှာမလား"
"ဆရာ ဆရာ ယိချင်းက ဆရာ့ကို သဘောကျတယ်... အမေဝမ်... ထက်တောင်"
သူက အဲလိုပြောပြီးတဲ့နောက် နောက်ဆုံးတော့ အိပ်ငိုက်မှုကို ခံနိုင်ရည်မရှိတော့ပုံပဲ။ သူ့ကိုယ်လေးက ယိုင်သွားပြီး မျက်နှာက မြေကြီးနဲ့ထိတော့မယ်။
ရှန်းရင်က သူ့ကို အသာဆွဲထူလိုက်တယ်။ သူမ မျက်ဝန်းတွေ အနည်းငယ်မည်းနက်သွားကာ သက်ပြင်းချပြီးမှ အိမ်ထဲ လှည့်ဝင်လာခဲ့တယ်။
ဟမ်... သိပ်ပြီးကြာကြာမအိပ်ဖို့ မျှော်လင့်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်... ညစာရှိသေးတယ်လေ
ပြီးတော့... ဒီအမေဝမ်က ဘယ်သူလဲ။
——————
ကံကောင်းတာက စားဖိုမှူးက နှစ်နာရီလောက်ပဲအိပ်ပြီး နိုးလာတယ်။
ယိချင်းက ထထိုင်ပြီး မျက်လုံးကိုပွတ်ကာ အိပ်ရာဘေးက ရှန်းရင်ကိုမြင်ချိန် တန့်သွားတယ်။ သူ့မျက်လုံးလေးတွေ ချက်ချင်းတောက်ပသွားပြီး ဘာကြောင့်မှန်းမသိ ရင်ထဲ နွေးထွေးမှုတစ်မျိုး ခံစားလိုက်ရတယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်