အခန်း ၂၁၃ ။ ဧကရာဇ်စင်မြင့်ပေါ်ကစည်းချိပ်
"ဆရာ၊ ဆရာ့တပည့်က ဆရာလုပ်ချင်တဲ့အရာကို အောင်မြင်အောင် ကူညီပေးရုံပါ" ရှင်းဟန်က အေးစက်စက်အကြည့်နဲ့ ပြန်ဖြေတယ်။ သူက ကျီချန့်ကို လူသေတစ်ယောက်ကို ကြည့်သလို ကြည့်လာတယ်။
"မင်းဘာဆိုလိုတာလဲ" ကျီချန်ဖြူဖျော့သွားတယ်။
ရှင်းဟန်က တောက်ခေါက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်နဲ့။
"ဒီအင်းကွက်က လူတိုင်းရဲ့ကျင့်ကြံဆင့်ကို တစ်နေရာစီ စုဝေးဖို့ဆိုတာ ကျုပ်မသိဘူးလို့ မထင်နဲ့၊ ပြောရရင် တကယ်လို့ကောင်းကင်ဘုံတံခါးပွင့်သွားရင်တောင် တစ်ယောက်ပဲ ကောင်းကင်မျိုးနွယ်ဝင် ဖြစ်လာနိုင်မှာ၊ ဆရာက အားလုံးပြီးမြောက်သွားရင် တစ်ယောက်တည်း ကောင်းကင်ဘုံဆီ သွားနိုင်အောင် ကျုပ်ကို သတ်ဖို့စီစဉ်နေခဲ့တာပဲ"
"မင်း..." ကျီချန့်အမူအရာက သွေးပျက်သွားတယ်။ နောက်တော့ အတွေးတစ်ခု သူ့စိတ်ထဲ ဖျတ်ခနဲပေါ်လာတယ်။
"ရှင်းဟန်" ဘေးမှာရပ်နေတဲ့ ဟွေ့လင်က အသည်းအသန်အော်တယ်။
"ကျွန်မ သူ့အစီအစဉ်ကို မသိပါဘူး၊ ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံနေရတာလဲ၊ ကျွန်မ ရှင့်ကိုယုံခဲ့တာလေ"
"ရွှမ်အာ..." ပထမဆုံးအကြိမ် ရှင်းဟန်ပုံစံက နာကျင်သွားဟန်။ ဒါပေမဲ့ သူက ဟွေ့လင်ခြေထောက်အောက်က အင်းကွက်ကို ပြန်မဖြေဘူး။
"ကိုယ်မင်းကို ချစ်ပါသေးတယ်၊ ဒါပေမဲ့ မင်းက ဘာလို့သူ့သမီး ဖြစ်နေရတာလဲ၊ မင်း ကိုယ့်ကို အနာဂတ်မှာ မုန်းမဲ့အစား ဘာလို့-"
"ကျွန်မက သူ့သမီး မဟုတ်ဘူး" ဟွေ့လင်က သွေးပျက်စွာနဲ့ ကြားဖြတ်ပြောလာတယ်။ အရင်က သူမရဲ့ အပြစ်ကင်းတဲ့ပုံစံက လုံးဝပျောက်သွားပြီ။
"ကျွန်မက ပြန်ဝင်စားနေပြီလေ၊ အတိတ်ဘဝကဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ အခု မဆိုင်တော့ဘူး"
"ဒါတွေအားလုံး အရေးမပါတော့ပါဘူး၊ မစိုးရိမ်ပါနဲ့၊ ကိုယ် ကောင်းကင်မျိုးနွယ်ဖြစ်လာချိန် မင်း ပြန်အသက်ရှင်အောင်လုပ်ပေးဖို့ ကိုယ်နည်းလမ်းရှာမယ်"
JE LEEST
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်