အခန်း ၂၉၁ ။ မျက်နှာပြင်ထဲမှ သူငယ်ချင်းများ
ကူယွဲ့က တခြား "မန်နေဂျာ" ကိုကြည့်ပြီး သိသိသာသာ ဇဝေဇဝါဖြစ်သွားတယ်။ သူမက အိမ်နေရင်းဝတ်စုံနဲ့ ညှပ်ဖိနပ်ဝတ်ထားတယ်။ လက်ထဲမှာ ဂိမ်းစက်တစ်ခု ကိုင်ထားပေးပြီး အဆက်မပြတ် နှိပ်နေတယ်။ သူမက အံကြိတ်ကာ ခပ်တိုးတိုးဆဲတော့တယ်။
"အလယ်က ငါတို့တာဝါကို ချိုးတဲ့သူလာနေပြီဟ၊ အိပ်မက်မက်နေတာတော်တော့ သူ့ကိုတားကြ"
"ဘာလို့ နင်တို့အားလုံး ကိုယ့်ဘာသာလျှောက်သွားနေတာလဲ၊ ဒီမှာလာစုကြ"
"နဂါးကြီးလွတ်သွားပြီ၊ နဂါးကြီးလွတ်သွားပြီ၊ ခုသွားပြီးခိုးတော့၊ ဖက်တီး ဘာလုပ်နေတာလဲ၊ သွားဟ သွားဟ"
"ဟိုလီရှစ်၊ ငါ့ကို ဘာလို့ဆွဲထားတာလဲ၊ ဒီဂိမ်းဘယ်လိုဆော့ရမလဲတောင်သိရဲ့လား"
သူတို့လူစု ဆိုဖာပေါ် နာရီဝက်ကျော် တိတ်တိတ်လေး ထိုင်စောင့်နေပေမဲ့ သူမကမရပ်သေး။ အဲအစား သူမက ပိုပိုပြီး ဂိမ်းထဲစိတ်ပါလာပြီး သူမဘေးမှာ ဧည့်သည်လေးယောက်ရှိနေတာကို လုံးဝမေ့သွားသလိုမျိုးပဲ။
ရှန်းကျင်းက ဒါက အတော်လေးကောင်းတဲ့ အမတကျင့်ကြံဘုံလို့ မပြောခဲ့ဘူးလား။ ဘာလို့ စီမံထိန်းသိမ်းသူနေရာက အဲလောက် ခေတ်မီနေရတာလဲ။ တကယ်တော့ ဒါက သူတို့ခေတ်သစ်ကမ္ဘာနဲ့ ပိုဆင်တယ်။ သူတို့ လာခဲ့တဲ့ ခေတ်သစ်ကမ္ဘာထဲက ဂိမ်းစက်တွေနဲ့တောင် ပိုဆင်နေတာ။
ကူယွဲ့က ရှန်းကျင်းကို တံခါးမှားဖြတ်လာတာလား မေးဖို့ရှိသေး လူတစ်ယောက်က မီးဖိုချောင်ထဲကနေ ရုတ်တရက် ထွက်လာတယ်။ သူက နွေးထွေးပုံရတဲ့ အဝတ်အစားဝတ်ထားပေမဲ့ အတော်လေး အေးစက်တဲ့ချီကို ထုတ်လွှင့်နေတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် အရိုးထဲထိ အေးစက်စေတာမျိုး။ အမျိုးသားက ဧည့်သည်တွေကို အနေရခက်ခက်ကြည့်လာပြီး သူ့လက်ထဲက စားစရာတွေကို ချကာ သူတို့နား ချဉ်းကပ်လာခဲ့တယ်။
"ယွီ... ယောင်" သူက ဂိမ်းထဲစိတ်ပါဝင်စားနေဆဲ အမျိုးသမီးကို ခေါ်လိုက်တယ်။ သူ့အသံက သူ့ရုပ်ရည်လိုပဲ အေးစက်နေတယ်။ ဒါပေမဲ့ သူက အမျိုးသမီးကို ကြည့်ပြီး လက်ထဲက ဂိမ်းစက်ကို ဆွဲလုချိန် အမူအရာက မဆိုစလောက် နူးညံ့သွားခဲ့တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်