အခန်း ၂၉၇ ။ မျက်နှာပြင်ကို လွှဲပြောင်းယူခြင်း

460 80 0
                                    

အခန်း ၂၉၇ ။ မျက်နှာပြင်ကို လွှဲပြောင်းယူခြင်း

ရှန်းရင် လှမ်းကြည့်ပြီး မပြောခင် တုံ့ဆိုင်းနေတယ်။

"မကြီး ငါအဲကို ပြန်သွားချင်တယ်"

"ငါသဘောမတူဘူး" ရှန်းကျင်းက ချက်ချင်း ခွန်းတုံ့ပြန်တယ်။

"ဒီမျက်နှာပြင်ကလွဲ နင် တခြားဘယ်နေရာကိုမှ သွားခွင့်မရှိဘူး၊ ထိုင်နေ"

ရှန်းရင်က ဒီတိုင်းဆက်နေပြီး ထပ်ပြောတယ်။

"မကြီး ငါအဲသွားချင်တယ်"

"မရဘူးဆို မရဘူးပဲ" သူမက မျက်မှောင်ကြုတ်တယ်။

"မျက်နှာပြင်တစ်ခုလုံးကို တာဝန်ယူဖို့ဆိုတာ ဘယ်လောက်အန္တရာယ်များလဲသိလား၊ နင်ငယ်ငယ်က ကျူးကျော်သူတွေ တိုက်ခိုက်တာ ဘယ်နှစ်ကြိမ်ရှိခဲ့လဲ မေ့ပြီလား"

"မမေ့ပါဘူး"

"ဒါဆို ဘာလို့သွားရဲသေးတာလဲ၊ ကျူးကျော်မှုကို ကိုင်တွယ်နိုင်မနိုင် အသာထားဦး၊ နင် မျက်နှာပြင် ငြင်းပယ်တာ ခံရရင်ရော"

"အဲလိုဖြစ်ဖို့က ရာခိုင်နှုန်းအရမ်းနည်းပါတယ်၊ အဲလိုဖြစ်မှာ မဟုတ်ပါဘူး"

"ဘယ်သူပြောလဲ၊ တကယ်လို့... တကယ်လို့ တစ်ခုခုဖြစ်သွားရင်ရော၊ နင် နောင်တရတဲ့ထိ စောင့်မှာလား"

"မကြီး..."

"မဖြစ်ဘူး"

"ဒါပေမဲ့... မကြီး ငါ့ကို တားမရဘူးလေ"

ရှန်းကျင်းက ဖြူဖျော့သွားတယ်။ သူမက ရှန်းရင်ဘက် မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်တယ်။ သူမမျက်လုံးထဲမှာ နာကျင်မှုနဲ့။

"နင်ခုလေးတင် ဘာပြောလိုက်တာလဲ၊ ပြန်ပြောစမ်း"

ရှန်းရင်က လက်သီးကျစ်ကျစ်ဆုပ်ကာ ရှေ့တစ်လှမ်းတက်လာတယ်။ သူမက သူမအစ်မလက်တွေကို လက်နှစ်ဖက်လုံးနဲ့ ကိုင်ပြီး ပြောလိုက်တယ်။

"မကြီး၊ ငါက ကလေးမဟုတ်တော့ပါဘူး၊ နင် ငါ့ကိုကာကွယ်ပေးဖို့ မလိုတော့ဘူး" နင် ငါ့ကို သန်မာအောင် လုပ်ပေးပြီးပြီပဲ”

ရှန်းကျင်းက သူမကို တစ်ခဏတာ အူကြောင်ကြောင် ပြန်စိုက်ကြည့်နေတယ်။ နောက်တော့ ဘာဆက်ပြောရမလဲ စဉ်းစားနေသလိုမျိုး ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ သက်ပြင်းချတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now