အခန်း ၃၁၃ ။ ငတုံးကျူးကျော်သူ

477 83 1
                                    

အခန်း ၃၁၃ ။ ငတုံးကျူးကျော်သူ

"မင်းဆရာတူညီလေးကို ဒါသွားသောက်ခိုင်းချေ၊ ဒဏ်ရာသက်သာလာပြီဆိုရင် သူ့ဘာသာ အပြစ်ဒဏ် သွားလက်ခံခိုင်းလိုက်"

အဲလိုပြီးပြောပြီး သူက ကျင်းချီကိုကြည့်ကာ ထပ်ပြောလိုက်တယ်။

"မင်းအတွက်လည်း တူတူပဲ၊ ခဏနေရင် အပြစ်ဒဏ် သွားခံချေ"

"ကျေးဇူးပါ အဖေ" လော့ထောင်က ပျော်သွားပြီး သူ့ဆရာတူညီလေးကို တွေးမိသွားလို့ထင် ဘေးက ကျင်းချီကို မကြည့်ဘဲ အပြင်ကို ပြေးထွက်သွားလေတယ်။

ဒါပေမဲ့ ကျင်းချီလက်တွေ တင်းမာသွားပြီး သူ့နှလုံးသားထဲက မကျေမချမ်းဖြစ်မှုတွေ ပိုပြီးတောင် ပြင်းထန်လာတယ်။ သူတို့နှစ်ယောက်လုံး ပြစ်ဒဏ်ကို ခံလိုက်ရပေမဲ့ လော့ထောင်တော့ မပါဘူးပေါ့။ သူက တကယ်ကို ဘက်လိုက်တာပဲ။

"ဆရာသခင်" ဒီမတော်တဆလေးကို ဖြေရှင်းပြီးတဲ့နောက် လော့ဟုန်က ကူယွဲ့ကိုကြည့်ကာ တပည့်လက်ခံ‌လာအောင် လုပ်ချင်မိသေးတယ်။

"ဒီကလေးကို ကြည့်ပါဦး..."

ခုလေးတင် ဖြစ်သွားတဲ့ကိစ္စအပြီးမှာ ကျင်းချီ စိတ်လှုပ်ရှားသလို မျှော်လင့်တကြီး ဖြစ်မိတယ်။ နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်ကတော့ ကွဲပြားလောက်ပါတယ်လေ။

ဒါပေမဲ့ နောက်အခိုက်အတန့်မှာပဲ သူပြောတာကို ကြားလိုက်ရတာက...။

"ကျုပ် တပည့်တွေ လက်မခံဘူး"

ကျင်းချီရင်ထဲ အေးစက်သွားပြီး မျှော်လင့်တကြီးအမူအရာက ချက်ချင်းပျောက်ကွယ်သွားတယ်။ တလိမ့်လိမ့် တက်လာတဲ့ ဒေါသက သူ့ထဲဝင်ရောက်လာတယ်။ ဟမ့် ဘာကို နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆရာသခင်လဲ၊ သူက ဒီလူတွေအားလုံးနဲ့ တစ်ပုံစံတည်းပဲကို။ ပြီးတော့ သူ့အတွက် တကယ်ကြီး မျှော်လင့်ချက်ထားခဲ့မိသေးတယ်။

"ဒါ..." လော့ဟုန် တစ်ခဏတာ မှင်တက်သွားတယ်။

"ဆရာသခင် နည်းနည်းလေး ထပ်ပြီးစဉ်းစားချင်ပါသလား၊ ဘယ်လိုပဲဖြစ်ဖြစ် အာကာသဝိညာဉ်ကြောက ရှားတယ်လေ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Unde poveștirile trăiesc. Descoperă acum