အခန်း ၃၆၉ ။ တစ္ဆေများ

328 72 1
                                    

အခန်း ၃၆၉ ။ တစ္ဆေများ

အားလုံး အမည်းရောင်ယင်အရှိန်အဝါက တဖြည်းဖြည်း နေရာအနှံ့ဆီ စတင်ပျံ့နှံ့လာတာကို ရီဝေဝေ ကြည့်နေမိတယ်။ ဒါက နတ်ဆိုးချီနဲ့မတူဘူး။ ယင်ချီပုံစံလည်း မဟုတ်ဘူး။ ခဲနက်ရောင်နဲ့ တကယ်တူပေမဲ့ အပူလှိုင်းတစ်မျိုးသယ်ဆောင်လာတာမို့ ပတ်ဝန်းကျင်မှာ တစ်ခုခုလောင်ကျွမ်းနေသလိုပဲ။ ရှိနေတဲ့ မသေမျိုးချီတောင် တဖြည်းဖြည်းချင်း တွန်းထုတ်ခံနေရတယ်။

"ဒါဘာလဲ"

"အငြိုးအတေးစွမ်းအင်ပဲ"

ကူယွဲ့ ရှေ့ကို လှမ်းလာရင်း အမူအရာ မှောင်မည်းသွားတယ်။ အငြိုးအတေး စွမ်းအင်ပဲ ဒီလိုချောမွေ့တဲ့ အရှိန်အဝါရှိတာ။ ဒါပေမဲ့  အငြိုးအတေးစွမ်းအင်က ပုံမှန်ဆို မြေအောက်ကမ္ဘာက တစ်ဦးချင်းစီမှာပဲ ပေါ်လာတာ။

ဘာကြောင့် အမတဘုံမှာ အငြိုးအတေးစွမ်းအင်တွေ ပေါ်လာရတာလဲ။

သူတွေးနေချိန်မှာပဲ ကောင်းကင်ကို ပစ်လွှတ်လိုက်တဲ့ အငြိုးအတေးစွမ်းအင်တွေဟာ ဘောလုံးတစ်လုံးအဖြစ် ပေါင်းစည်းသွားခဲ့တယ်။ ရှန်းရင်ဆီ လျင်မြန်စွာ ကျဆင်းလာပြီး လမ်းတစ်လျှောက် ပန်းတွေကို ညှိုးနွမ်းစေကာ အဆောက်အဦတွေ ပြိုကျပျက်စီးသွားတာကို တွေ့လိုက်ရတယ်။

"ဆရာ" ယိချင်း ခဏရပ်လိုက်တယ်။ သူ ရှန်းရင်ကို ကာကွယ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူ့အမတဓားကို ချက်ချင်းဆွဲထုတ်ခဲ့ပေမဲ့ ရှန်းရင်က သူ့ထက်ပိုမြန်တယ်။ သူမက လက်ဆွဲပြီး ပြင်းထန်သော စွမ်းအင်၏ ဘောလုံးကို ဆုပ်ကိုင်လိုက်သည်။

စူးစူးဝါးဝါးအော်သံက ဘယ်ကမှန်းမသိ ထွက်လာတယ်။ ရူးသွပ်ပြီး စူးရှတဲ့ အော်ဟစ်သံကြောင့် လူတိုင်းရဲ့နားတွေ နာကျင်လာတယ်။ စွမ်းအင်ဘောလုံးက ရှန်းရင်လက်ဖဝါးထဲ စတင်ရွေ့လျားလာပြီး လူးလွန့်နေပေမဲ့ မဖောက်ထွက်နိုင်။ အော်ဟစ်သံက ပိုပိုပြီး ကျယ်လောင်စူးရှလာခဲ့တယ်။

အဇဋာဧကရာဇ်တွေတောင် တောင့်မခံနိုင်တော့ဘူး။ သူတို့နောက်ကိုဆုတ်ပြီး မျက်နှာရှုံ့လိုက်ကြတယ်။ ဒီအသံက မူလစိတ်ဝိညာဥ်တွေကို ဒဏ်ရာရအောင်လုပ်နိုင်တဲ့ အစွမ်းရှိပုံပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Donde viven las historias. Descúbrelo ahora