အခန်း ၂၆၆ ။ အကြောင်းရင်းကို ရှာဖွေခြင်း

530 97 2
                                    

အခန်း ၂၆၆ ။ အကြောင်းရင်းကို ရှာဖွေခြင်း

ယိချင်းက တန့်သွားပြီး သူ့မူလဝိညာဉ်ကိုသူ အလိုလိုစစ်ကြည့်လိုက်တယ်။ သူ ရုတ်တရက် ဖြူဖျော့သွားတော့တယ်။

"ကိုယ်ခန္ဓာအသစ် ဖြစ်နေလို့ ဒီလိုဖြစ်တယ်ထင်ခဲ့တာ-"

"တကယ်တော့ ပြောင်းပြန်ပဲ" ကူယွဲ့ ဖြေလိုက်တယ်။

"ဘာလို့လဲဆိုတော့ မင်းဝိညာဉ်မပြည့်မစုံ ဖြစ်နေလို့ မင်းခန္ဓာကိုယ်က အဲလိုဖြစ်နေတာ"

"..." ယိချင်းက မျက်မှောင်ကြုတ်ပြီး အမူအရာကမည်းမှောင်သွားတယ်။

"ပြီးတော့ ပိုင်ဇယ်-"

"ကျုပ်လား" ပိုင်ဇယ် ကြောင်သွားတယ်။

"အဲနေ့က ခင်ဗျား ချန်းယွဲ့နဲ့ တိုက်ခိုက်ချိန် ကျုပ်တို့ ခင်ဗျားဘေးမှာတင် ရှိနေခဲ့တာလေ"

ကူယွဲ့က သူ့ဘေးက တစ်ယောက်သော အစားသရဲကို လက်ညှိုးထိုးလိုက်တယ်။

"သူက ခင်ဗျားမှာ ပြဿနာရှိနေမှန်း သိခဲ့တဲ့သူပဲ၊ အဲဒါကြောင့် ပိုင်ယွင်တောင်ဆီ ခင်ဗျားနောက်က လိုက်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာပဲ"

"ရှန်း..." ပိုင်ဇယ် စောနက ငြင်းဆန်မှုကို သတိရသွားသလိုမျိုး ရှန်းရင်ကိုကြည့်ပြီး ဝမ်းနည်း‌သွားတယ်။ သူ့အမူအရာက ပြိုပျက်နေပြီး လုံးဝကိုအရှုံးပေးထားသလိုမျိုးပဲ။ တစ်စက္ကန့်နေတော့ သူက ပြောလာတယ်။

"ဒါပေမဲ့... ကျုပ်မူလဝိညာဉ်က အဆင်ပြေပါတယ်"

"ခင်ဗျားမူလဝိညာဉ်က အဆင်ပြေပေမဲ့ ခင်ဗျားဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး မသေချာဘူးနော်"

ပိုင်ဇယ်က သူ့ကိုပြန်စိုက်ကြည့်တယ်။ သူ ဘာဆိုလိုတာလဲ။

"ပိုင်ယွင်တောင်ခြေက ရေကန်က နတ်ဆိုးသားရဲတွေနဲ့ ပြည့်နေတယ်မဟုတ်လား" ကူယွဲ့က အစားသရဲကို မျက်ဆန်လှန်ပြလိုက်တယ်။

"မနေ့က အဲဒါတွေကို သွားကြည့်ဖို့ ရှန်းရင်ကို‌ ခေါ်သွားခဲ့တယ်မဟုတ်လား၊ အဲဒီနတ်ဆိုးသားရဲတွေက အရင်က အဲမှာမရှိဘူးမလား"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Hikayelerin yaşadığı yer. Şimdi keşfedin