အခန်း ၃၈၈ ။ သွေဖည်တစ္ဆေများ ပြန်လည်ပေါ်ပေါက်လာမှု
ပုံရိပ်ယောင်ကိုယ်ခန္ဓာအကြောင်း ပြောပြီးတည်းက စုန့်ရန်က ရက်ပိုင်းလောက် ပိုတိတ်ဆိတ်လာတယ်။ သူက ယွင်ဟန့်ကို အနိုင်ကျင့်ဖို့တောင်စိတ်အခြေအနေမရှိတော့ဘူး။ အဲအစား သူက ကူယွဲ့နဲ့ ယိချင်းကို မြင်တိုင်း သူ့ကိုယ်အောက်ပိုင်းကိုကာရင်း သွားပုန်းတယ်။ သူတို့က သူ့ကိုအချိန်မရွေးတစ်ခုခုလုပ်မှာကို စီစဉ်နေသလိုမျိုး အမြဲကြောက်လန့်နေသလိုပဲ။ သူ့မျက်လုံးတွေကလည်း မကျေမချမ်းမှုနဲ့ အမြဲပြည့်နေတယ်။
"ဟေးဟေးဟေး ငါတို့က ဝံပုလွေတွေလိုမျိုး ဘာလို့ကြည့်နေတာလဲ" ကူယွဲ့ နှုတ်ခမ်းကိုဖိကာ စုန့်ရန်ကို လှမ်းဖမ်းဆွဲပြီး သူ့ကို လှမ်းရင်ဆိုင်လိုက်တယ်။
"တကယ်လို့ မင်းဟာက ပေါက်နေရင်တောင် ငါတို့စိတ်မဝင်စားဘူး ငါတို့ ချို့တဲ့နေတာလည်း မဟုတ်ဘူး"
"မချို့... တဲ့ဘူးတဲ့လား" စုန့်ရန် မျက်လုံးပြူးသွားတယ်။ ဘာဆိုလိုတာလဲ။ သူတို့က အရင်တုန်းက အများကြီး ဖြုတ်ခဲ့တာလား။
"ငါတို့မှာ မင်းမှာရှိတဲ့ဟာမျိုး ကြောင်အိမ်တွေ အပြည့်ရှိတယ်" မုန်လာဥဖြူက အမြဲလိုလို တစ်ခုခု ပေါက်နေတာကိုး...။
"ကြောင်... ကြောင်အိမ်တွေအပြည့်" စုန့်ရန်က ကြောက်လန့်သွားတဲ့ပုံ။ သူ့ခြေထောက်တောင် တုန်ယင်စ ပြုလာတယ်။
"တော်သင့်ပြီ၊ ငါတို့မင်းဟာကို ဂရုစိုက်တယ်များ တကယ်ထင်နေလား"
"..." ခင်ဗျားမှာ ဗီရိုအပြည့်ရှိနေပြီပဲဟာ- ဘယ်လိုလုပ် ဂရုမစိုက်ဘူးလို့ ပြောရဲရတာလဲ။
"ဒီပစ္စည်းက မင်းကိုယ်ပေါ် ပေါက်နေမှတော့ မင်း ဘယ်လိုဖြေရှင်းချင်လဲဆိုတာ မင်းသဘောပဲ၊ မင်း တခြားသူကို ပေးလို့လည်းရသလို၊ ဆေးလုံးသန့်စင်လည်းရတယ်၊ ငါတို့ဂရုမစိုက်ဘူး ဒါပေမဲ့ သတိပေးမယ်နော် - မင်း သူ့ကိုခူးပြီးရင် ထိန်းသိမ်းဖို့ မှော်အတတ်မသုံးရင် ဆေးလုံးသန့်စင်ဖို့ ၃ရက်အတွင်း သုံးရမယ်၊ မဟုတ်ရင် နောက်ပိုင်း အဲဒါနဲ့ ဆေးလုံးဖော်ရင်တောင် သုံးစွဲလို့ ရတော့မှာမဟုတ်ဘူး"
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်