အခန်း ၃၇၄ ။ မေ့ပျောက်မြစ် နေရာမှား
ယိချင်း သရဲအုပ်ကို စစ်ဆေးလိုက်တယ်။ ဒါ ထိတ်လန့်စရာပဲ။ ဒီသရဲတွေအားလုံးက တစ်ပြိုင်နက်တည်း အတိတ်မေ့ရောဂါခံစားနေရတာလား ဒါမှမဟုတ် တရားခံက လှုပ်ရှားသွားတာမြန်လွန်းလို့ သူတို့သေတာတောင်မသိခင် တုံ့ပြန်ချိန်တောင် မရလိုက်တာလား။
သူ အခြေအနေကို နားလည်နိုင်အောင် မေးခွန်းတွေထပ်မေးလိုက်တော့ သူတို့က ဘယ်လိုသေလဲတင် မေ့တာမဟုတ် အသက်ရှင်နေတုန်း ဖြစ်ခဲ့သမျှပါမေ့သွားတာပဲ။ သူတို့ရဲ့ နာမည်တောင် သူတို့ မမှတ်မိဘူးတဲ့ အဲဒါကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် 'ခေါင်းပြတ်သရဲ' တို့ 'ဟောင်းလောင်းတစ္ဆေ' တို့ဆိုပြီး ခေါ်ကြတာ။
ယိချင်း ပိုတောင် မျက်မှောင်ကြုတ်မိတယ်။ သူ့ရှေ့မှာရှိနေတဲ့ တစ္ဆေအရေအတွက်အရ တစ်ယောက်ယောက်က တစ်မြို့လုံးကို သုတ်သင်သွားတာ သိသာတယ်။ ထူးဆန်းတာ မြို့ပတ်လည်မှာ အင်းကွက်ချထားတာကို အာရုံမခံမိတာပဲ။ သူတို့ လမ်းတစ်လျှောက်လည်း ဘာအဟန့်အတားမှ မတွေ့ခဲ့ဘူး။ တစ္ဆေတွေက ဒါဆို ဒီမှာ ဘာလို့ပိတ်မိနေတာလဲ။
သူ ခေါင်းမော့ရင် သူနဲ့မီတာအနည်းငယ်သာဝေးတဲ့ မြို့တံခါးကိုမြင်ရတယ်။
"ဒီမှာ မင်းတို့ကို ထိန်းထားတာ ဘာမှမရှိဘူး၊ ဘာလို့အပြင်ထွက်မရတာလဲ"
"အဲဒါက..." ယိချင်း သူ့ကိုမယုံဘူးတွေးမိပြီး ခေါင်းပြတ်တစ္ဆေက သွေးပျက်စပြုလာတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး။ တစ်အောင့်စဉ်းစားပြီးတဲ့နောက် သူကပြောတယ်။
"ကြီးမြတ်တဲ့အမတ၊ တစ်ချက်သာကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ်"
တစ္ဆေတွေအားလုံး ခေါင်းညိတ်လိုက်တယ်။ နောက်တော့ အုပ်စုလိုက်ကြီး ညဈေးလျှောက်သလိုမျိုး မြို့တံခါးဆီ အသည်းအသန်ပြေးသွားတယ်။ သူတို့က မြို့တံခါးကို ဖြတ်တော့မဲ့ဆဲဆဲမှာတင် သဏ္ဌာန်တွေက ဖျတ်ခနဲလင်းသွားတယ်။ အုပ်စုတစ်ဝက်လောက် ပျောက်သွားပါလေရော။
နောက်အခိုက်အတန့်မှာ ပျောက်သွားတဲ့တစ်ဝက်က ပင်မလမ်းမကြီးရဲ့အလယ်မှာ ပြန်ပေါ်လာတယ်။ တစ်ယောက်မှ ပျောက်မနေဘူး။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်