အခန်း ၃၄၆ ။ ကျူးကျော်သူတစ်ဝက်

390 75 0
                                    

အခန်း ၃၄၆ ။ ကျူးကျော်သူတစ်ဝက်

သူ့ဓားက သူတို့နှစ်ယောက်ကို ဖြတ်ပြီးခုတ်တော့မဲ့ဆဲဆဲ။

ရှန်းရင်က လက်ကိုမြှောက်ပြီး ဓားလမ်းကြောင်းကို တားလိုက်တယ်။ အင်းကွက်တစ်လျှောက် အက်ကွဲကြောင်းတွေ အက်ခိုးထပ်သွားတယ်။ ချွန်ထက်တဲ့မိစ္ဆာဓားက ရုတ်တရက် နှစ်ခြမ်းပိုင်းသွားလေရဲ့။ တစ်ဖက်လူက သူမကို ထိတ်လန့်တကြားစိုက်ကြည့်နေတယ်။ ရှန်းရင်က ရှေ့ကိုတက်လာပြီး သူ့လက်ကိုဆွဲဖမ်းတယ်။

နောက်အခိုက်အတန့်မှာ သူ့ပတ်လည်က အရာအားလုံး လည်သွားသလိုပဲ။ ရိုက်မိသံအကျယ်ကြီး ကြားလိုက်ရတယ်။ နတ်ဆိုးဘုရင်အသစ် ကြမ်းပြင်ပေါ် လှဲသိပ်ခံလိုက်ရလေတယ်။ နတ်ဆိုးချီတွေအကုန် သူ့ကိုယ်ထဲကနေ လွင့်ပျောက်သွားလေရဲ့။

"စကားကောင်းကောင်းပြော"

သူက နာကျင်မှုကို မခံစားရတဲ့အလား နတ်ဆိုးဘုရင်က စတင်ရုန်းကန်ပြီး အော်ဟစ်တယ်။

"ငါ့ကိုပြန်ပေး ငါ့ကိုပြန်ပေး လူလိမ် မင်းတို့အားလုံးက လူလိမ်တွေ ဖျက်ဆီးပစ်မယ်၊ မင်းတို့အားလုံးကို ဖျက်ဆီးပစ်မယ်..."

ရုတ်တရက် နတ်ဆိုးချီတွေ ပေါက်ကွဲမှုဖြစ်လာတယ်။ အဲလူကိုယ်ကို အမည်းရောင်ချီပမာဏတွေ အများကြီး ဝိုင်းသွားပြီး ပတ်ပတ်လည်က အမှောင်ထုနဲ့ တစ်သားတည်း ဖြစ်လာတယ်။ သူ့ကြည့်ရတာ... အရှင်လတ်လတ် ဝါးမျိုခံလိုက်ရသလိုပဲ။

"အာ"

သူက နတ်ဆိုးချီထဲ ပျောက်တော့မလိုရှိသေး ရှန်းရင်က မျက်မှောင်ကြုတ်ပြီး ဒူးထောက်ကာ သူ့ကို ဆွဲထုတ်လိုက်တယ်။ သူမ မျက်လုံးမှေးပြီး အလင်းရောင်တွေ ထိန်လင်းလာသလိုမျိုး နတ်ဆိုးချီကို ပြန်ဆုတ်စေလိုက်တယ်။ အဲလူ‌ပတ်လည်က နတ်ဆိုးချီတွေ နောက်တစ်ကြိမ် လွင့်ပျံ့သွားခဲ့တယ်။

ယွီဟုန် ခြေထောက်တွေ ပျော့ခွေသွားတယ်။ သူမ နံရံကိုမှီထားရင်း ဒူးထောက်မကျအောင် တောင့်ထားရတယ်။ သူမ အမြင်မှားနေတာလား။ ဘာလို့ ဂိုဏ်းချုပ်ရဲ့အရှိန်အဝါက မျက်စိတစ်မှိတ်အတွင်း အဲလောက်အများကြီး ကျယ်ပြန့်လာတာလဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now