အခန်း ၃၂၆ ။ ပြီးပြည့်စုံသော လေ့ကျင့်မှု

372 76 2
                                    

အခန်း ၃၂၆ ။ ပြီးပြည့်စုံသော လေ့ကျင့်မှု

"အခု ငါ မသေမျိုးတက်လှမ်းမှုအတွက် ထွက်ခွာတော့မယ်၊ မိစ္ဆာမျိုးနွယ်ရဲ့ သတ်ဖြတ်လိုတဲ့ သဘာဝကို ယဉ်ကျေးအောင် လုပ်ဖို့ ခက်ခဲမှုကို ခံစားမိပြီး လူနဲ့မိစ္ဆာတွေကြားက ရန်လိုမှု နောက်တစ်ကြိမ် မြင့်တက်လာပြီး မှန်ကန်တဲ့လမ်းကြောင်းကနေ သွေဖယ်မှာကို စိုးရိမ်မိတယ်၊ ငါ မူလပြန်သွားပုလဲကို ပဋိဥာဏ်အနေနဲ့ သုံးပြီး ဒါကို လက်ခံရရှိတဲ့ ရေစက်ပါသူက ငါ့မျိုးဆက်တွေအတွက် ဒီသတင်းစကားကို ချန်ထားပေးမယ်လို့ မျှော်လင့်တယ်၊ သေခြင်းနဲ့ ရှင်ခြင်းတရားနဲ့ ရှင်သန်မှုအားလုံးက ကြမ္မာရလဒ်ဆိုတာ အမြဲသတိရပါ၊ မသေမျိုးတက်လှမ်းမှုဆီရောက်တဲ့ တာအိုလမ်းစဉ်က သတ်ဖြတ်မှုအတွက် စိတ်နှလုံးကို ဖယ်ရှားပြီး ကိုယ့်နဂိုသဘာဝကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေတဲ့ပေါ် မူတည်တယ်"

သူ စကားပြောပြီးတဲ့နောက် သူ့မှုန်ဝါးဝါးပုံသဏ္ဌာန်က ပိုပြီးတောင် ပါးလွှာလာတယ်။ ‌ပတ်ဝန်းကျင်က ရွှေရောင်အလင်းတချို့က သူ့ပေါ်ကျလာပြီး နောက်တစ်ကြိမ် ပိုပြီးနူးညံ့သိမ်မွေ့တဲ့အသံနဲ့ပြောတယ်။

"ငါ့ဘဝမှာ နောက်တစ်ကြိမ် ကြီးမြတ်တဲ့နတ်ဒေဝါကို တွေ့ချင်မိတယ်၊ ငါ့မျိုးနွယ်အတွက် သူမရဲ့လမ်းညွှန်မှုကို ကျေးဇူးတင်ဖို့ပေါ့"

နောက်အခိုက်အတန့်မှာ ပုံသဏ္ဌာန်က လုံးဝပျောက်ကွယ်သွားကာ တောက်ပနေတဲ့ အလင်းရောင်အင်းကွက်တောင် တစ်ခါမှမရှိခဲ့သလိုမျိုး မည်းမှောင်သွားခဲ့တယ်။

ပိုင်ဟယ်က အခန်းကို အလင်းရောင်ပြန်ရအောင် မီးလုံးတစ်လုံး ဆင့်ခေါ်လိုက်တယ်။ သူမအမူအရာက ဇဝေဇဝါ။

"စောနကပုဂ္ဂိုလ်က... သူ ဘာဆိုလိုတာလဲဟင်"

သူမ သူပြောသွားတာအားလုံးကို နားမလည်ပေမဲ့ ဒီနေရာက တစ်ချိန်တစ်ခါက မိစ္တာတွေပိုင်ခဲ့တဲ့နေရာဆိုတာ ဝိုးတဝါးတော့နားလည်တယ်။ ပိုင်ရှင်က မသေမျိုးတက်လှမ်းသွားချိန် ဒီနေရာက ကျန်ခဲ့တာပဲ။

ယိချင်း ခေါင်းယမ်းလိုက်တယ်။ သူလည်း သိပ်မသေချာဘူး။ အဲပုဂ္ဂိုလ်ပြောသွားတာက အတော်လေး ကြာလှပြီဖြစ်တဲ့ ကိစ္စတစ်ခုခုနေမယ်။ လူတွေနဲ့ မိစ္ဆာတွေ သင့်မြတ်စွာနေခဲ့တဲ့ ကာလရှိခဲ့တာကို သူ နည်းနည်းတော့ အံ့ဩသွားခဲ့တယ်။ ပြောရရင် မိစ္ဆာတွေက လူသားတွေကို စားရတာ အကြိုက်ဆုံးဖြစ်ပြီး သူတို့သဘာဝကို ယဉ်ပါးအောင်လုပ်ဖို့ခက်တယ်။ ကျင့်ကြံသူတွေကလည်း တစ်ချိန်က လူတွေပဲလေ။ ဒါကြောင့် ဒီနှစ်မျိုးတွေ့ချိန်ကျရင် အမြဲ အသေအကျေ တိုက်ခိုက်ကြတယ်။ အဆုံးက လူတွေ မိစ္ဆာစားခံရတာဟုတ်ရင်ဟုတ် မဟုတ်ရင် မိစ္ဆာတွေက လူတွေသတ်တာခံရပြီး အမြုတေတွေ ထုတ်ခံရတာပဲ။ တခြားလမ်းဆိုတာ မရှိဘူး။ တစ်ခုတည်းသော ခြွင်းချက်က ရိုးသားမှုဂိုဏ်းမှာ သွေးပဋိဉာဏ်ကြောင့် အမိန့်လိုက်နာရတဲ့ တောင်ကိုကာကွယ်နေတဲ့ မိစ္ဆာဘုရင်ပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now