အခန်း ၃၅၉ ။ အင်မတန်ဖြောင့်သောယောက်ျား

316 72 1
                                    

အခန်း ၃၅၉ ။ အင်မတန်ဖြောင့်သောယောက်ျား

သူတို့သုံးဦး ခရမ်းရောင်အငွေ့ရဲ့ ဦးဆောင်လမ်းပြမှုနောက်ကို လိုက်ခဲ့ကြတယ်။ ကျန်ရှိတဲ့ ခရမ်းရောင် အရှိန်အဝါကို ကာကွယ်ဖို့ သူတို့ သိပ်အမြန်ကြီး မပျံသန်းမိအောင် ကြိုးစားနေတာ။ အချိန်နဲ့အမျှ ကျင့်ကြံသူတချို့က သူတို့ဘေးကနေ ကျော်ဖြတ်သွားကြတယ်။ ဘာကြောင့်ရယ်မသိ ကူယွဲ့ မြောက်ဘက်ဆီ ခရီးရောက်လေလေ၊ သူတို့ပတ်ဝန်းကျင်မှာ ကျင့်ကြံသူတွေ များလေလေပဲ။ ပြီးတော့ ကျင့်ကြံသူတစ်ယောက်ချင်းစီက အရင်လူထက် ပိုစိတ်လှုပ်ရှားနေတဲ့ပုံ။ တချို့က နွေးနွေးထွေးထွေးတောင် နှုတ်ဆက်ကြသေး။ ကူယွဲ့ အစပိုင်းမှာ သိပ်စိတ်ထဲမထားပေမဲ့ သူတို့ပတ်ဝန်းကျင်မှာ ကျင့်ကြံသူ အရေအတွက် တိုးလာလေ သူတို့ကိုကြည့်တဲ့အကြည့်တွေက ထူးဆန်းလာလေပဲ။

ကူယွဲ့ တစ်ခုခုလွဲနေသလို ခံစားရစပြုလာတယ်။ ဒါပေမဲ့ ခရမ်းရောင်အရှိန်အဝါကိုပဲ ဆက်အာရုံစိုက်ပြီး သိပ်မစဉ်းစားမိအောင် ကြိုးစားလိုက်တယ်။ အဲဒါက ယိချင်းဓားပေါ်ထိုင်နေတဲ့ ရှန်းရင် စကားပြောမလာခင်ထိပဲ။

"အာ ပျောက်သွားပြီ"

နှစ်ယောက်သား ရပ်သွားပြီး ခရမ်းရောင်အငွေ့လိုင်းက ပျောက်သွားပြီဆိုတာ သိလိုက်ရတယ်။ သူတို့ဆီ ပျံသန်းလာတဲ့အရာ ဘာမှမရှိတော့ဘူး။

"ဘာဖြစ်တာလဲ"

"တကယ်လို့ အရှိန်အဝါက မပျောက်ခဲ့ရင် ဒီနေရာထိ ရောက်နေပြီထင်တာပဲ"

သုံးယောက်သား သူတို့ပတ်ပတ်လည်ကို စစ်ဆေးလိုက်ကြတယ်။ သူတို့ခြေထောက်အောက်မှာက ကန်တစ်ကန်၊ အဲထဲ ကျွန်းလေးတစ်ကျွန်းရှိနေတယ်။ သူတို့ ကျွန်းပေါ်မှာလူအုပ်ကြီးတစ်အုပ်ကို ခပ်ဝါးဝါး လှမ်းမြင်လိုက်ရတယ်။ လူတိုင်းရဲ့မျက်နှာက စိတ်ဝင်စားစရာ အကြောင်းကိစ္စကို ဆွေးနွေးနေသလိုမျိုး စိတ်လှုပ်ရှားနေတဲ့ အမူအရာတွေနဲ့။ ကျွန်းပေါ်က ဆူညံသံတွေက သူတို့ဆီ လွင့်ပျံ့လာတယ်။

သူတို့ အကြည့်ချင်းဖလှယ်ကာ ကျွန်းပေါ်ရပ်ဖို့လုပ်လိုက်တယ်။ သူတို့ ခရမ်းရောင်အငွေ့နဲ့ခပ်ဆင်ဆင် အရှိန်အဝါရှိမလား စစ်ဆေးဖို့ရှိသေး လူတိုင်းတိတ်ဆိတ်ကုန်တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now