အခန်း ၂၁၀ ။ နှလုံးထောင်ချောက်အင်းကွက်

647 120 7
                                    

အခန်း ၂၁၀ ။ နှလုံးထောင်ချောက်အင်းကွက်

"ရွှမ်အာ ကိုယ်တို့မှာ အချိန်မရှိဘူးနော်" ရှင်းဟန်က သတိပေးလာပြန်တယ်။‌

ဟွေ့လင်က နောက်ဆုံးတော့ ချန်ကောဆီကနေ အကြည့်လွှဲသွားတယ်။

နောက်တော့ ချန်ကောရဲ့ ကောင်းကင်လက်နက်ကိုကိုင်ပြီး သူမရဲ့ဝတ်ရုံထဲကနေ နောက်ထပ်ကောင်းကင်လက်နက်ကို ထုတ်လိုက်တယ်။ ပြောင်ထင် ပျောက်သွားတယ်လို့ပြောခဲ့တဲ့ မီးတောက်ခြောက်ပွင့်ပုလဲကောင်းကင်လက်နက်ပဲ။

ဟွေ့လင်က ရှေ့ကိုတက်ပြီး အဓိပ္ပာယ်ဖော်မရတဲ့ ဂါထာတွေ ရွတ်တော့တယ်။

လူတိုင်း စူးခနဲ နာကျင်ကုန်ကြတယ်။ သူတို့ကောင်းကင်စိတ်အာရုံထဲ ဝပ်ထားတဲ့ ကောင်းကင်လက်နက်တွေက ဟွေ့လင်ဆီ ပျံငန်းလာကြတော့တယ်။

သူတို့ရဲ့ ကိုယ်ထဲက မသေမျိုးချီတွေက သူတို့ကိုပြန်တိုက်ခိုက်ကုန်ကြတယ်။ တစ်ယောက်ပြီး တစ်ယောက် သွေးတွေအန်တော့တယ်။ ကောင်းကင်လက်နက်ကို သိုလှောင်အိတ်ထဲသိမ်းထားတဲ့ ကူယွဲ့ကလွဲ လူတိုင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်တယ်။

ကျီချန်ပါ သူ့ကောင်းကင်လက်နက်ကို ထုတ်လာတယ်။ ကောင်းကင်လက်နက်တွေအားလုံးက အင်းကွက်အလယ်ဆီ ပျံသန်းသွားကြတယ်။  ကောင်းကင်အစီအရင်ခြောက်မျိုးဓားနဲ့အတူ စုစုပေါင်း ကောင်းကင်လက်နက်၁၁ခု။ ကူယွဲ့တို့ကို ပိတ်လှောင်ထားတဲ့အင်းကွက်က ရုတ်တရက် မျက်စိကျိန်းစရာ အလင်းတန်းဖြူကြီးထုတ်လာပြီး ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ဖုံးလွှမ်းသွားခဲ့တယ်။ ကောင်းကင်လက်နက်တွေက အင်းကွက်ထဲ အရည်ပျော်သွားသလိုမျိုး တဖြည်းဖြည်း အလင်းရောင်ထဲ ပျောက်ကွယ်သွားခဲ့တယ်။ မိနစ်ပိုင်းအတွင်း လက်နက်တွေအားလုံး လုံးဝပျောက်ဆုံးသွားခဲ့ပြီ။

နောက်အခိုက်အတန့်မှာ အလင်းတန်းကြီးတစ်ခုက ကောင်းကင်ဆီ လမ်းကြောင်းတစ်ခုလို ထောင်မတ်သွားတယ်။

"ကောင်းကင်ထောက်တိုင်" ရှင်းဟန်က ပျော်ရွှင်စွာ ထအော်ပြီး ထောက်တိုင်ကို စိတ်လှုပ်ရှားစွာကြည့်နေလေရဲ့။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now