အခန်း ၃၇၃ ။ စားဖိုမှူး အမျက်ထွက်

303 57 2
                                    

အခန်း ၃၇၃ ။ စားဖိုမှူး အမျက်ထွက်

မြို့က အများကြီးပိုမှောင်လာတယ်။ ယင်လေပြင်းတွေက သူတို့နားဘေးက ဖြတ်တိုက်သွားတာမို့ နားအူလာတယ်။ အဲဒါကလွဲရင် အခြေအနေကထူးဆန်းနေတာ။ ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ လမ်းတစ်ဖက်တစ်ချက်စီမှာ တစ်ခုခုက သူတို့ဆီ အချိန်မရွေး ပြေးဝင်လာတော့မလိုမျိုးပဲ။

သူတို့ မှောင်မည်းနေတဲ့လမ်းတွေတစ်လျှောက် လျှောက်လာခဲ့တယ်။ အချိန်တချို့ကြာတော့ သူတို့တွေ ထောင့်တစ်နေရာဆီက‌ ထူးဆန်းတဲ့ဆူညံသံတွေ လာနေတာကြားရတယ်။ တစ်တော့တစ်တော့... တစ်ခုခု အသံမြည်နေတာပဲ။

"အဲဒါ ဘာ... ဘာအသံလဲ" စုန့်ရန်က ထခုန်တယ်။ သူ အတော်လေးကိုသွေးပျက်နေတာ။ သူ့အသံက ခုပိုပြီး မြင့်မြင့်လာတယ်။

"အဲဒါရေလား"

သူစကားဆုံးဆုံးချင်း သူ့ရှေ့ကလမ်းမှာ တစ်စုံတစ်ရာ လက်ခနဲတောက်ပသွားတယ်။

"အား" စုန့်ရန်က ထခုန်တယ်။ သူ တုန်ယင်နေရင်း အရှေ့ကိုလက်ညှိုးထိုးပြတယ်။

"တစ်ခုခု... တစ်ယောက်ယောက် ခုလေးတင်ဖြတ်လျှောက်သွားတယ်"

အရှေ့ကနှစ်ယောက်က ရပ်ပြီး အမှောင်ထဲ အဆုံးကိုမမြင်ရတဲ့ လမ်းရှည်ကြီးဘက်ကြည့်လိုက်တယ်။ ရဲရဲနီနေတဲ့အလင်းရောင်က တောက်ပလာပြီး အနီရောင်တွေ အပေါ်ကနေကျဆင်းလာတယ်။ သွေးပဲ - အနီရောင်က သူတို့မျက်လုံးကိုဖမ်းစားထားတယ်။

"သွေ-သွေ-သွေး" စုန့်ရန်ခြေထောက်တွေ ပျော့ခွေပြီး မြေကြီးပေါ်ကျသွားတယ်။

သွေးက ရပ်တော့မဲ့ပုံမပေါ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတွေပိုပိုစီးကျလာကာ တစ်နေရာလုံးကို လွှမ်းသွားတယ်။ လမ်းတွေက အကုန်ရဲရဲနီတော့မယ်။ မြင်ကွင်းက တကယ်ကိုကြက်သီးထစရာ။ အေးစက်တဲ့‌ယင်လေပြင်းတွေနဲ့ ပေါင်းလိုက်တော့ ဒါက သရဲကားတွေထဲက တန်းထွက်လာတဲ့ ဇာတ်ကွက်တစ်ခုလိုပဲ။

တကယ်လို့...

လေထဲ သွေးတွေဖြည့်ထားတဲ့ ‌လက်ဆွဲပုံးတချို့ကို သယ်ပြီ မျောလွင့်နေတဲ့ တစ္ဆေတချို့ မရှိရင်ပေါ့။ သူတို့တွေက တန်းတောင်စီနေပြီး အလှည့်ကျ သူတို့ပုံးတွေကို သွန်နေတယ်။ ရှန်းရင် သူတို့ စကားပြောနေတာကို ဝိုးတဝါးတောင်ကြားနေရသလိုပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now