အခန်း ၃၄၁ ။ ကန်ရေအရည်အသွေး

351 75 4
                                    

အခန်း ၃၄၁ ။ ကန်ရေအရည်အသွေး

သုံးယောက်သားလည်း မှင်တက်သွားပြီး မျက်နှာပေါ် ဇဝေဇဝါအကြည့်တွေနဲ့။

ဘာကိစ္စလဲ။ ကန်ရေက သက်တမ်းကုန်သွားတာလား။

ကျင်းချီအမူအရာက ပိုလို့တောင် ရူးနှမ်းနေတယ်။ သူက သူတို့ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်တယ်။

"မင်းတို့တွေ ရေကို ဘာလုပ်ခဲ့-" သူ ပြောနေရင်း ရပ်သွားပြီး နာကျင်နေတဲ့ အကြည့်တစ်ခု မျက်နှာပေါ် ပေါ်လာတယ်။ သူ့လက်က ဗိုက်ကို အလိုလိုဖိသွားတယ်။

နောက်အခိုက်အတန့်မှာ သူ့နဂို အနည်းငယ်ဝတုတ်နေတဲ့ ဗိုက်က ဘောလုံးတစ်ခုလိုမျိုး မြန်ဆန်စွာ ဖောင်းကားလာတယ်။

အသက်သုံးချက်ရှူစာနဲ့ ကြီးလာလိုက်တာ နောက်ကို ယိုင်ကျသွားပြီး ဟန်ချက်ပျက်တဲ့အထိပဲ။

"ဒါဘယ်လိုလုပ်... ဒါဘာ" ကျင်းချီရဲ့ လက်တစ်ဖက်က သူ့ခါးကို ထောက်ထားပြီး အနားက သစ်ပင်တစ်ပင်ရဲ့ပင်စည်ကို မှီနေတယ်။ သူ့ဗိုက်က ပိုပိုပြီး ကြီးထွားလာလို့ မျက်နှာက ကြောက်လန့်မှုအပြည့်။ တစ်ခုခု သူ့ဗိုက်ထဲ လှုပ်ရှားနေတာကို သူတို့ မကွဲမပြားမြင်လိုက်ရတယ်။

သုံးယောက်သား စိတ်ထဲ တစ်ခုခု အတွေးပေါက်သွားသလိုမျိုး ချက်ချင်း သဘောပေါက်သွားခဲ့တယ်။

ကူယွဲ့ ကြည့်ရတာ အံ့ဩမှင်တက်နေတဲ့ပုံ။

"ဘဝရေပန်း... တကယ်ကို အစစ်အမှန်ပဲ"

ယိချင်းကလည်း နားလည်ဟန် ခေါင်းညိတ်တယ်။

"လက်ငင်းသက်ရောက်မှုနဲ့ အရည်အသွေးကောင်းပဲ"

ကျင်းချီအမူအရာက ပျာယာခတ်ပြီး တစ်ချိန်တည်းမှာ ကြောက်လန့်နေတယ်။ သူ့ကြည့်ရတာ စိတ်လွတ်တော့မလိုမျိုးပဲ။ သူက ဒေါသတကြီး အော်ဟစ်တယ်။

"မင်းတို့ဘာတွေ ပြောနေတာလဲ၊ ငါ ဘာတွေ ဖြစ်နေတာတုံး"

သုံးယောက်သားက အချင်းချင်း ကြည့်လိုက်ကြတယ်။

ရှန်းရင်က ရှေ့တက်ကာ သူ့ပခုံးကိုပုတ်တယ်။

"ဟိတ်လူ၊ ဂုဏ်ယူပါတယ်၊ နင့်မှာ ကိုယ်ဝန်ရှိနေပြီ" ဒါကဘဝရေပန်းမဟုတ်လား။ သေချာပေါက် ဘဝကို မွေးဖွားဖို့အတွက်ပေါ့။ အမှန်ကိုပဲ။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Där berättelser lever. Upptäck nu