အခန်း ၃၉၄ ။ လေးဘဝဆက်တိုက် ကံဆိုးမှုအတိ

281 52 0
                                    

အခန်း ၃၉၄ ။ လေးဘဝဆက်တိုက် ကံဆိုးမှုအတိ

စောနက အမတတောင်တွေ၊ ကောင်းချီးပေးခံရတဲ့မြေပြင်နဲ့ နှိုင်းယှဉ်ရင် အခုပုံပန်းသဏ္ဌာန်က သေမျိုးကမ္ဘာဖြစ်ပုံပဲ။ ပတ်ဝန်းကျင်တွင် ဖြတ်သန်းလျှောက်လာသူတိုင်းက ဝိညာဉ်ချီမရှိတဲ့ သေမျိုးတွေ။ ဒီအိမ်က အထင်ကရ မဟုတ်ပေမဲ့ အဆင်ပြေချောင်လည်တဲ့ မိသားစုရဲ့အိမ်ဖြစ်ပုံပဲ။

အရွယ်ရောက်ကာစ ကလေးတစ်ယောက်က ရယ်မောကာ ဖြတ်ပြေးသွားသည်။ သူ့အကြည့်တွေက ထူးဆန်းနေပေမဲ့ သူတို့ရှေ့က ဒီလူက မျပ်နှာပြင်မုန်တိုင်းထဲ လွင့်ပါလုနီးပါး ဖြစ်ပြီး  ဝိညာဉ်ကယ်တင်ခြင်းလုပ်ဖို့ ကမ္ဘာကိုကယ်တင်တဲ့ ကျင့်ကြံသူရဲ့ ဆွဲခေါ်ခံခဲ့ရတဲ့ ဝတ်ရုံစိမ်းနဲ့လူဆိုတာ မြင်မြင်ချင်း သိလိုက်ကြတယ်။

ဒါ... သူ့ဝိညာဉ်ကို သံသရာက ပြုပြင်ပြီးတဲ့ နောက်ဘဝကလား။ သူတို့ အနည်းငယ် အံ့အားသင့်သွားပြီး ပိုလို့တောင် ဇဝေဇဝါဖြစ်လာခဲ့တယ်။ ဒီပုံရိပ်ယောင်ရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ ဆက်စောင့်ကြည့်နေရတယ်။ ဒါပေမဲ့ ပုံရိပ်ယောင်ထဲ ဆက်ဖြစ်တဲ့ အဖြစ်အပျက်တွေက သူတို့ကို ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်စေခဲ့တယ်။

ဝတ်ရုံစိမ်းနဲ့လူကို ယခုဘဝမှာ ဝမ်ထျန်းယိုးလို့ ခေါ်ပြီး သူက ကုန်သည်တစ်ဦးသားပဲ။ သူ့ဘဝတစ်လျှောက်လုံးမှာ အကြီးမားဆုံးဆန္ဒကတော့ ငွေအလုံအလောက် ရှာဖွေပြီး အောင်လုပ်ပြီး မြို့ရဲ့အလှဆုံးမိန်းကလေးနဲ့ လက်ထပ်ဖို့။ ဆယ်နှစ်တည်းက သူက ငွေနည်းနည်းချင်းစီကို အိုးတစ်လုံးထဲတွင် သိမ်းဆည်းပြီး ရတနာတစ်ခုလို ဂရုတစိုက် မြှုပ်နှံထားတယ်။ ပြီးတော့ သူက ငွေရှာတဲ့နေရာမှာ တကယ်ကို အရည်အချင်းရှိတာ။ အသက်နှစ်ဆယ်မပြည့်ခင် မြို့ထဲက ဈေးဆိုင်တွေအားလုံးကို ပိုင်ဆိုင်ထားပြီး မြို့ထဲ အချမ်းသာဆုံးသူ ဖြစ်လာခဲ့တယ်။ အရာအားလုံး ပြီးပြည့်စုံခဲ့တာပေါ့။ ချစ်သူကောင်မလေးနဲ့ လက်ထပ်တော့မဲ့နေ့တော့ ဒါတွေအားလုံးက ရုတ်ခြည်း ရပ်တန့်သွားခဲ့လေရဲ့။

မြို့ကြီးကနေ တစ်စုံတစ်ယောက် ရောက်လာတယ်။ ဘေးက ကောင်းကင်ကနေ လာတဲ့ အမတတွေပဲ။ ဝမ်ထျန်းယိုးက အလားအလာကောင်း‌ ရှိတဲ့လူဖြစ်ပြီး တစ်နေ့မှာ ကောင်းကင်တက်လှမ်းမှုရဲ့  ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိရန် ကံပါကြောင်းသူတို့က ပြောခဲ့တယ်။ ထျန်းယိုး မသွားချင်သလို အမတကျင့်ကြံမှုကိုလည်း မလုပ်ချင်ဘူး။ ဒါပေမဲ့ သူ့မိဘတွေက ဒါက သူ့ကံကြမ္မာလို့ ပြောကြတယ်။ သူ့သူငယ်ချင်းတွေက သူ အရမ်းကံကောင်းတယ်လို့ ပြောကြတယ်။ သူကြိုက်တဲ့ ကောင်မလေးတောင်မှ သူက တကယ့်ကို ထူးခြားတဲ့လူတစ်ယောက်လို့ ပြောတာ။ အမတလမ်းစဥ်ကို လျှောက်သင့်တယ်လို့ လူတိုင်းက ထင်ကြတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now