အခန်း ၂၁၄ ။ လူအုပ်ကြီး ပုန်ကန်မှု

646 119 3
                                    

အခန်း ၂၁၄ ။ လူအုပ်ကြီး ပုန်ကန်မှု

ကျီချန် နှစ်ပေါင်းသောင်းချီ ပြင်ဆင်ထားခဲ့တဲ့ မဟာအန္တိမအကွက်ကြီးက ပျက်စီးသွားခဲ့ပြီး အဇဋာဧကရာ‌ဇ်တွေအားလုံး မှင်တက်နေတယ်။ တစ်ခဏတာ ပတ်ဝန်းကျင်က အတော်လေးကို တိတ်ဆိတ်နေပြီး လေထဲစိမ့်ဝင်နေတဲ့ နတ်ဆိုးချီတွေကပါ နေရာမှာတောင့်ခဲနေသလိုပဲ။

လူအုပ်ကြီးက ဖြစ်ပျက်သွားတာကို တုံ့ပြန်နိုင်စွမ်းမရှိတော့။

ငါးမိနစ်အကြာ...။

ရှန်းရင်က သူမရှေ့က တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ နတ်ဆိုးဘုံတံခါးကိုကြည့်ပြီး လက်မြှောက်ကာ ခေါက်လိုက်တယ်။

"ငမည်းလေး၊ တံခါးဖွင့်ပေးပါဦး"

"မဖွင့်ချင်ဘူး" ကြောက်လန့်‌နေတဲ့အသံကက တံခါးနောက်ကနေ သူ့ကန့်ကွက်ချက်ကို ထုတ်ပြောလာတယ်

"ခဏ ထွက်သာထွက်လာခဲ့ပါ၊ ငါနင့်ကိုမေးစရာရှိလို့"

"ဟင့်အင်း ဒီတံခါးကနေ မထွက်လာချင်ဘူး" ရွှတ်ရွှတ် ကြောက်စရာကောင်းလိုက်တာ။

"ဘာလို့ ငိုနေတာတုံး၊ ငါနင့်ကို မရိုက်ပါဘူးဟ"

"... တကယ်လား"

"အင်း"

"တကယ် တကယ်လား"

"‌အင်း"

"တကယ် တကယ် တကယ်..."

"နင်ဆက်ပြီး ပြောနေရင် ငါနင့်ကိုအခုရိုက်မိတော့မယ်"

သူမအသံဆုံးသွားတာနဲ့ တံခါးက ကျွီခနဲမြည်ပြီး နောက်ဆုံးတော့ပွင့်လာတယ်။ ဝတ်ရုံမည်းဝတ်ထားပြီး ရဲရဲတောက်နီနေတဲ့မျက်ဝန်းတွေနဲ့ နတ်ဆိုးဘုရင် ဖြစ်နေဆဲပဲ။ ပတ်ပတ်လည်က နတ်ဆိုးချီတွေက ပိုတောင်ပြင်းထန်လာပြီး စောနက မော်မော်ကြွားကြွားသဘာဝနဲ့ယှဉ်ရင်တော့ အခုအတော်လေးကို နာခံနေတာ။ မျက်လုံးထဲလည်း မျက်ရည်တွေဝဲနေပြီး သူ့တုတ်ခိုင်သန်မာတဲ့ခန္ဓာကိုယ်ကတောင် စောနကထက် အများကြီးပုသွားပြီ။

"ဘာလို့ နင်မြေကြီးပေါ် ဒူးထောက်နေတာလဲ" ရှန်းရင် မြေကြီးပေါ်ကလူကို ကြည့်ကာမေးလိုက်တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now