အခန်း ၃၆၂ ။ ဘုံပြိုကွဲ

312 56 0
                                    

အခန်း ၃၆၂ ။ ဘုံပြိုကွဲ

နောက်အခိုက်အတန့်မှာတော့ ခရမ်းရောင်အက်ကွဲကြောင်းတွေက သူတို့ပတ်လည်မှာ ပေါ်လာပြီး သူတို့ဆီ ပျံ့နှံ့လာတယ်။ ကောင်းကင်နှင့်မြေကြီးကို စက္ကန့်ပိုင်းအတွင်း ဖုံးအုပ်သွားလေရဲ့။ သူတို့ပတ်လည်မှာ အပိုင်းပိုင်းပြိုကျလာပြီး မြေကြီးတစ်ခုလုံး တုန်ခါသွားသလိုပဲ။ ခရမ်းရောင်က မှေးမှိန်သွားပေမဲ့ အက်ကွဲကြောင်းတွေက ကောင်းကင်မှာ ကျန်ရစ်နေခဲ့တယ်။

ဒါက ကောင်းကင်နယ်မြေက မိစ္ဆာနတ်ဘုရားနဲ့ အစောပိုင်းအချိန်ကို ကူယွဲ့ကို သတိရသွားစေတယ်။ အရာအားလုံးက မြန်မြန်ဆန်ဆန် ပြိုကျကုန်တယ်။ အားလုံးက စက္ကန့်ပိုင်းမျှသာ ကြာလေရဲ့။ အခုတော့ လွင်တီးခေါင်ဖြစ်နေပြီ။ ဘုံအပြင်ဘက်က စွန့်ပစ်အရှိန်အဝါတွေက ကောင်းကင် အက်ကွဲကြောင်းတွေကနေ လျှောကျလာတယ်။ သက်ရှိပုံစံအားလုံး သုညဆီ ချက်ချင်း ကျဆင်းသွားတယ်။ အသက်ရှင်ဖို့ အခွင့်အလမ်းတွေကလည်း မြန်ဆန်စွာ ကျဆင်းလာလေရဲ့။

"မင်း ဒီမျက်နှာပြင်လေးကို ဖျက်ဆီးချင်နေတာလား" ကူယွဲ့  မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားတယ်။ သူ့မျက်စိရှေ့မှာတင် မျက်နှာပြင်တစ်ခုလုံး ပြိုကျတော့မှာပဲ။

"မင်းတို့ရဲ့မျက်နှာပြင်ကို အစကတည်းက ဖျက်ဆီးပစ်သင့်တာ" အဲလူက အရင်ကထက်တောင် ရူးသွပ်နေတဲ့ပုံ။ တကယ်လို့ သူသာ ဒီမျက်နှာပြင်နဲ့အတူ လွင့်ပျောက်ရမယ်ဆို လွင့်ပျောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတိုင်းပဲ။

"ဒီမျက်နှာပြင်တင် မကဘူး၊ တခြားကမ္ဘာ ၃၀၀၀ လည်း ရှိမနေသင့်ဘူး"

"မင်းက အရူးပဲ" ကူယွဲ့က လျင်မြန်စွာ ပျက်စီးနေတဲ့ မျက်နှာပြင်ကို ကြည့်လိုက်တယ်။

"ဒီမျက်နှာပြင်ပေါ်မှာ သက်ရှိသတ္တဝါ ဘယ်လောက်ရှိတယ်ဆိုတာ မင်းသိလား၊ ဒီနေရာကို ဖျက်ဆီးရင် သူတို့လည်း အတူတူ ပျက်စီးသွားလိမ့်မယ်"

"ဘာဖြစ်လဲ" သူက ရူးသွပ်စွာ ရယ်မောပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now