အခန်း ၂၆၀ ။ ထိခိုက်မှုအတွက်ပေးချေခြင်း

639 106 1
                                    

အခန်း ၂၆၀ ။ ထိခိုက်မှုအတွက်ပေးချေခြင်း

ကူယွဲ့က တစ်အောင့်စဉ်းစားလိုက်တယ်။ တောအုပ်မှာတုန်းက သူတို့ ယင်ချီအကြွင်းအကျန်တွေကို အရမ်းကို စိုးရိမ်နေခဲ့တာ။ သူတို့ပတ်လည်မှာဝိုင်းနေတဲ့ တခြားနတ်ဘုရားစွမ်းအင်ကို သတိထားဖို့ မေ့သွားခဲ့တယ်။ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ဝူချီတောင်တန်းနားမှာဆိုတော့ အနားမှာ နတ်ဘုရားစွမ်းအင်ကို ခံစားရတာ ပုံမှန်ပဲလို့ ထင်ခဲ့မိတာ။

"ကျွန်မနိုးလာတော့ ချန်းယွဲ့ရှန်းကျွင်းကို အကြီးအကဲဆိုပြီး အထင်မှားသွားခဲ့တယ်၊ အဲဒါကြောင့် ဂိုဏ်းချုပ်တည်နေရာကို သူ့ကိုဆက်မေးနေခဲ့တာပါ၊ အဆုံးကျတော့ ပိုင်ဇယ်ရှန်းကျွင်းနဲ့ ချန်းယွဲ့ရှန်းကျွင်းတို့ စတိုက်ခိုက်ကြတော့တာပဲ၊ နောက်တော့... အကြီးအကဲတို့ ရောက်လာတယ်လေ"

ဒီတော့ အဲလိုဖြစ်ခဲ့တာပေါ့။ ဒါဆို ပိုင်ဇယ်က သူမကိုကယ်ခဲ့တဲ့သူလား။

သူ ပင်မထိုင်ခုံမှာ ထိုင်နေတဲ့လူကို လှည့်ကြည့်လိုက်တယ်။ ချန်းယွဲ့မျက်နှာက မှောင်မည်းနေတာများ မင်ရည်နဲ့တောင် တူစပြုနေပြီ။ သူ့ကြည့်ရတာ လက်ပါချင်တဲ့ဆန္ဒကိုဖိနှိပ်နေရတဲ့ပုံပဲ။

ပိုင်ဇယ်ကလည်း ချန်းယွဲ့ကို ကူယွဲ့အဖြစ် သိသိသာသာ လူမှားပြီး ရှန်းရင်တည်နေရာကို အတင်း‌မေးခဲ့တယ်။

သူ့အမူအရာကနေ ကြည့်ရင် ပိုင်ဇယ်က လွန်ခဲ့တဲ့နှစ်တွေမှာ သူ့ကို နှောင့်ယှက်ခဲ့တာမနည်းဘူးပဲ။

ကူယွဲ့ပါးစပ်ထောင့်က တွန့်ချိုးသွားတယ်။ သူ အသံကိုတိုးလိုက်တယ်။

"ကျုပ်တို့ ဂျပုလေးကို ရှာတွေ့ပြီဆိုတော့ ဆက်ပြီး ခင်ဗျားကို အနှောင့်အယှက်မပေးတော့ပါဘူး"

သူ ထရပ်လိုက်တယ်။ ဒါ ရှက်စရာကောင်းလွန်းတယ် - သူတို့ မြန်နိုင်သမျှမြန်မြန် ပြန်တာ ပိုကောင်းမယ်။

"မင်းတို့က ပြန်တော့မယ်တဲ့လား" ချန်းယွဲ့ဒေါသမြင့်တက်သွားပြီး တောက်ခေါက်လိုက်တယ်။

"ဘယ်သူမှ ငါ့ခြေတစ်ထောင်တောင်ဆီ သူတို့စိတ်တိုင်းကျ ဝင်ထွက်သွားလွာခွင့်မရှိဘူး၊ မင်းတို့တွေ ငါ့ဖန်တောင်ထွတ်တွေအများကြီးကို ဖျက်ဆီးခဲ့တာ၊ ပြန်ပြီးအလျော်ပေးဖို့ လုံးဝ မရည်ရွယ်ထားဘူးလား"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now