အခန်း ၃၈၂ ။ စိတ်တန်ခိုးကျင့်ကြံမှုကိုဖြိုခွဲခြင်း

230 51 0
                                    

အခန်း ၃၈၂ ။ စိတ်တန်ခိုးကျင့်ကြံမှုကိုဖြိုခွဲခြင်း

"တာအိုရောင်းရင်း" ယွင်ဟန့်က အခန်းထဲဝင်လာတာနဲ့ ယိချင်းကိုဂါရ၀ပြုတယ်။ သူက အတော်လေး စိတ်လှုပ်ရှားနေပုံ။

"ကျွန်တော် နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် - ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ယိချင်းက သူ့ကို မျက်နှာချင်းဆိုင်တယ်။ သူက ယွင်ဟန့် သူ့ဆီလာမယ်ဆိုတာ သိပေမဲ့ ဒီလောက်စောမယ်တော့ မထင်ခဲ့ဘူး။ ကြည့်ရတာ သူက တကယ်ကို တခြား စိတ်တန်ခိုးကျင့်ကြံသူတွေကြား ထူးချွန်ပုံပဲ။

"ကောင်းကင်အရှင်ယွင်၊ ကျေးဇူးပြုပြီး ရပ်မနေပါနဲ့၊ ဝင်ထိုင်ပါ" ယိချင်း ယွင်ဟန့်ကို ထိုင်ဖို့ အမူအရာပြလိုက်တယ်။ အချိန်ကိုက်ပဲ - ယိချင်း သူနဲ့အတည်ပြုချင်တဲ့ ကိစ္စတချို့ရှိတယ်။

"တာအိုရောင်းရင်း ကျုပ်ကို ယွင်ဟန့်လို့ပဲခေါ်ပါ"

ယွင်ဟန့်က ပိုပြီးယဉ်ယဉ်ကျေးကျေးပြောတယ်။ ယွင်ဟန့် ယိချင်းကိုကြည့်တဲ့ပုံစံက လေးစားမှု ပါဝင်နေတယ်။

"ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ တာအိုရောင်းရင်း"

"ယိချင်းပါ" သူက ‌အနောက်ကို လှည့်ကြည့်လိုက်တယ်။

"ဒါက ကျုပ်ဆရာ ရှန်းရင်"

ယွင်ဟန့်က ခုမှ ရှန်းရင် အဲမှာရပ်နေတာကို သတိထားမိသွားပုံပဲ။ သူက ရပ်သွားကာ ချက်ချင်း ဂါရ၀ပြုလိုက်တယ်။ သူလာလည်ရတဲ့ အကြောင်းရင်းကို သတိရချိန် ဆက်ပြီး အာလပသလာပ မပြောနေတော့ဘဲ ယိချင်းကို စိုက်ကြည့်လိုက်တယ်။

"ယိချင်း ကျုပ် လာလည်ရတဲ့အကြောင်းရင်းက ကျုပ်ကမ္ဘာမှာ အရေးကြီးတာတစ်ခု ဖြစ်နေလို့ပါ၊ ဒါနဲ့ ပတ်သက်ပြီး တာအိုရောင်းရင်းနဲ့ ဆွေးနွေးချင်မိတယ်၊ တာအိုရောင်းရင်း ကျုပ်ကို အမှန်တိုင်းပြောပေးဖို့ တောင်းဆိုပါတယ်"

သူ ပြောမဲ့ဟာက အရမ်းအရေးကြီးသလိုမျိုး အင်မတန် စိတ်လှုပ်ရှားနေပုံ။ သူ အလိုလို သူ့လက်သီးတွေကို ဆုပ်မိသွားတယ်။

ဒါကိုမြင်တော့ ယိချင်း ခေါင်းညိတ်လိုက်တယ်။

"တာအိုရောင်းရင်း ကျေးဇူးပြုပြီး ပြောပါ"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now