အခန်း ၃၃၂ ။ စိတ်နတ်ဆိုးနှင့် မိုးကြိုးဝဋ်ကြွေးချေခြင်း

360 70 0
                                    

အခန်း ၃၃၂ ။ စိတ်နတ်ဆိုးနှင့် မိုးကြိုးဝဋ်ကြွေးချေခြင်း

"ဘာ" ကျင်းချီ မတုံ့ပြန်နိုင်ခင် သူ့တစ်ကိုယ်လုံးက ကြမ်းပြင်ပေါ် ဘန်းခနဲကျသွားတယ်။ သူ့ကိုဝိုင်းထားတဲ့ အင်းကွက်က ချက်ချင်းပျောက်သွားပြီး သူ့ပေါ်ကမူလပြန်သွားဝိညာဉ်တောင် အက်သွားလေရဲ့။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" သူ့မျက်နှာက မယုံကြည်နိုင်မှုအပြည့်။ နှလုံးသားထဲ နာကျင်မှုနဲ့အတူ သွေးအန်တော့တယ်။

ယိချင်းထုတ်လုပ်တဲ့ ဓားချီရဲ့ကြီးမားတဲ့ပမာဏက  မြေကြီးကိုတောင် အက်သွားစေပြီး ဘေးဘက်က သီးသန့်ခြားအစီအရင်လည်း သေချာပေါက် ချက်ချင်း ပြိုကွဲသွားတာပေါ့။ ဒါပေမဲ့ သူ့ကိုယ်ပေါ်က ဓားချီကတော့ ကြောက်ခမန်းလိလိမြင့်တက်နေဆဲ။

ဓားအလင်းရောင်တွေကို ပတ်ပတ်လည်မှာမြင်ရပြီး သူ့ကိုဝိုင်းထားတဲ့အဖြူရောင်ဓားချီက တဖြည်းဖြည်း သဏ္ဌာန်ပေါ်လာတယ်။ ခဏလေးအတွင်းမှာတင် ကြီးမားတဲ့နဂါးဖြူတစ်ကောင် ဖြစ်လာတော့တာပဲ။ အရိပ်လိုနဂါးကြီးက ဟိန်းဟောက်လေတယ်။

ကွင်းထဲက ကျင်းချီတင်မကဘူး၊ ပွဲကြည့်စင်ပေါ်က လူတွေတောင် သူတို့နားထဲ တဝီဝီခံစားရပြီး ရင်တုန်သွားကြတယ်။

"ဒါ... ဒါက ဓားဆန္ဒပဲ" သူတို့ ဒီလိုအားကောင်းတဲ့ ဓားဆန္ဒကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက... နဂါးအစစ် တစ်ကောင်လိုမျိုးပဲ။ လူတိုင်း မှင်တက်ကုန်တယ်။ သူကတကယ်ပဲ ရွှေအမြုတေကျင့်ကြံသူ ဟုတ်ရဲ့လား။

ယိချင်း ဆန့်ကျင်ဘက်မှာ သွေးအန်နေတဲ့ ကျင်းချီကို တန်းတန်းမတ်မတ်‌ကြည့်နေတယ်။ သူ့မျက်လုံးတွေက ဖျက်ဆီးမှုမီးတောက်မျိုး ပါဝင်သလိုမျိုး တောက်လောင်နေလေရဲ့။ သူက တစ်လုံးချင်းပြောတယ်။

"ငါ့ဆရာနဲ့ ဝေးဝေးနေ ခွေးကောင်လေး"

သူ စကားဆုံး‌တာနဲ့ ဓားဆန္ဒကနေ ဖြစ်တည်လာတဲ့ နဂါးကြီးက ပါးစပ်ကြီးဟကာ အရှေ့ကလူဆီ တစ်ရှိန်ထိုးပြေးဝင်လာတယ်။

ကျင်းချီ မျက်လုံးပြူးသွားပြီး သေခြင်းအတွက်အကြောက်တရားက သူ့ကိုထိမှန်လာတယ်။ ဓားသိုင်းတွေနဲ့ ဓမ္မဂါထာတွေအားလုံးကို မေ့ကုန်ပြီး ကျယ်လောင်စွာ စတင်အော်ဟစ်တော့တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now