အခန်း ၂၀၆ ။ မိန်းကလေးကိုခိုးယူခြင်း

661 113 3
                                    

အခန်း ၂၀၆ ။ မိန်းကလေးကိုခိုးယူခြင်း

တိမ်ပင်လယ်ထိပ်။

"ဟေး၊ အဲသွားတဲ့ အမတရောင်းရင်း... အဆင်ပြေပါ့မလား" ယင်းကျီမျက်နှာက စိုးရိမ်နေဟန်။ အဲအမျိုးသမီးရှန်းက မြေအမတပဲ ရှိသေးတဲ့ပုံ ပေါ်ပေမဲ့ ဘာကြောင့်မှန်းမသိ ဒီလူတွေအားလုံးက သူ့ကိုဖန်သားနန်းတော်‌ဆီပို့ဖို့ ယုံကြည်ချက်အပြည့်ပဲ။ ယင်းကျီက တိမ်သားရဲအကြောင်း အသိဆုံးမို့ တစ်ခုခုများ အဲမှာလွဲချော်သွားမလားကို စိုးရိမ်နေမိတယ်။

"မစိုးရိမ်ပါနဲ့ အဇဋာဧကရာဇ်၊ ရှန်းရင်က ဘာလုပ်ရမလဲသိပါတယ်" ကူယွဲ့က တုံ့ပြန်ပြီး တစ်ခဏစဉ်းစားကာ ထပ်ဖြည့်ပြောလိုက်တယ်။

"ထင်တာပဲ" သူပြဿနာမရှာဘူးပဲ မျှော်လင့်တာ။

"..." ထင်တာပဲဆိုတာ ဘာအဓိပ္ပာယ်လဲ။ အခု ယင်းကျီ အရင်ကထက်တောင် ပိုစိုးရိမ်သွားပြီ။

"ပင်လယ်ပေါ်ကဝဲဂယက်ကြီးပျောက်သွားပြီ" တစ်ယောက်က အော်လာတယ်။

သူတို့အားလုံးက တန့်သွားပြီး လှည့်ကြည့်လိုက်ကြတယ်။

တကယ်ပဲ သူတို့နဲ့မီတာအနည်းငယ်အကွာက ရွှေရောင်အင်းကွက်နဲ့ကာကွယ်ထားတဲ့ ဝဲဂယက်က ပျောက်ဆုံးသွားခဲ့ပြီ။ အဲအစား တည်ငြိမ်မှုပဲ ရှိနေတယ်။ လှိုင်းတွေတောင် ရပ်သွားခဲ့ပြီ။

အခု ဝဲဂယက်ပျောက်သွားတော့ တိမ်သားရဲကြောင့် ပွင့်သွားခဲ့တဲ့အပေါက်လည်း ပိတ်သွားလောက်ပြီ။ ယင်းကျီဝမ်းမြောက်သွားတယ်။ တကယ်ပဲ အမတတစ်ယောက်က ခဏနေတော့ တိမ်ပင်လယ် ယိုမနေတော့ဘူးဆိုတာ လာတင်ပြလာတယ်။ ယင်းကျီ စိတ်သက်သာရကာ သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ တိမ်သားရဲကို နားချပြီးတဲ့ပုံပဲ။

သူတို့တွေ ခဏထပ်စောင့်ပြီးတဲ့နောက် ပူဖောင်းကြီးတစ်ခု ပင်လယ်ကြမ်းပြင်ကနေ မြင့်တက်လာတာကို မြင်လိုက်ရတယ်။ အဲဒါက ပင်လယ်ကိုဖြတ်ပြီး လူအုပ်ကြီးဆီ ပျံသန်းလာတယ်။ ပူဖောင်းထဲမှာတော့ လူနှစ်ယောက် - အရပ်ရှည်ရှည်နဲ့အရပ်ပုပု။ အရပ်ရှည်တဲ့သူက ရှန်းရင်ဆိုပေမဲ့ သူမဘေးကလူက ကလေးတစ်ယောက်လိုပဲ။ ‌တိမ်သားရဲဖြစ်ရမယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now