အခန်း ၃၄၃ ။ နတ်ဆိုးလောကမှ အင်အားစုများ

367 81 1
                                    

အခန်း ၃၄၃ ။ နတ်ဆိုးလောကမှ အင်အားစုများ

ကူယွဲ့ စည်းတံဆိပ်တစ်ခု ဖန်တီးမို့ရှိသေး ရှန်းရင်က ရုတ်တရက် ထရပ်ကာ မြေကြီးပေါ်က လူကို တန်းဆွဲထူလိုက်တယ်။ သူမလက်တစ်ဖက်က ယွီဟုန့်ရင်ဘတ်ဆီ ဦးတည်ပြီး တစ်ခုခုကို ဆွဲဆုပ်ပြီး အတင်းထုတ်လိုက်သလိုမျိုးပဲ။ ယွီဟုန် ချက်ချင်းစိတ်သက်သာရာရပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်တယ်။ သူမနှလုံးသားနားရှိနေခဲ့တဲ့ မွန်းကြပ်စရာ ခံစားချက်က ရုတ်တရက် ပျောက်သွားခဲ့ပြီ။

"ဂိုဏ်းချုပ်" သူမ ဇဝေဇဝါနဲ့ မော့ကြည့်လိုက်တော့ ရှန်းရင်လက်ထဲ ခရမ်းရောင်လို အရာတစ်မျိုး ရှိနေတာ သိလိုက်ရတယ်။ သူမလက်ဖဝါးအလယ်မှာ မီးခိုးလိုမျိုး သိပ်သည်းလာလေရဲ့။

"ရှန်းရင် ဒါဘာလဲ" ကူယွဲ့ ချက်ချင်း မျက်လုံးပြူးသွားပြီး သူမလက်ဖဝါးထဲက အရာကို ကြည့်လိုက်တယ်။ စောနက သူစစ်ဆေး‌ပေးတုန်းက သူတို့ခန္ဓာကိုယ်တွေထဲ တခြားတစ်ခုခုရှိနေတာ သတိမထားမိခဲ့ဘူး။ သူ တခြားသူတွေကို လှည့်ကြည့်လိုက်တော့ ယွီဟုန်ပါ လုံးဝအူကြောင်ကြောင်ဖြစ်နေတဲ့ပုံ။

"ဒါက... အရမ်းကို ထူထဲတဲ့မသေမျိုးချီလိုပဲ" ယိချင်းလည်း မျက်မှောင်ကြုတ်ပြီး အံ့ဩစရာကောင်းလောက်အောင် မသေမျိုးချီထက် ထူတဲ့ ခရမ်းရောင်အရှိန်အဝါဆီ ကြည့်လိုက်တယ်။

"တခြားကျူးကျော်သူ မဖြစ်နိုင်ဘူးလား" ကူယွဲ့ ကိုယ်ဝန်... အာ မဟုတ်ပါဘူး၊ အသက်ရေပန်းကို သတိရသွားတယ်။ သူ သူ့လက်ထောက်လုပ်ပိုင်ခွင့်နဲ့ အမြန်ကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရ။

"ငါမသိဘူး" ရှန်းရင် ခေါင်းယမ်းပြီး တစ်ခုခုပြောမလို့ရှိသေးတယ်။

ရုတ်တရက် မြေကြီးကတုန်ခါသွားပြီး တစ်စုံတစ်ရာအသက်ဝင်သွားသလိုမျိုး အလင်းရောင်ဖြူကြီးက သူတို့ကိုဝိုင်းလာတယ်။  ကြီးမားတဲ့အကာအကွယ်မျက်နှာပြင်က ပေါ်လာပြီး နန်းတော်တစ်ခုလုံးကို ဝိုင်းပစ်လိုက်တယ်။

"ဒါ တောင်အကာအကွယ်အင်းကွက်ပဲ" လန်ဟွားမျက်နှာ ဖြူဖျော့သွားပြီး သူတို့သုံးယောက်ကို ကြည့်တယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now