251
အခန်း ၂၅၁ ။ မုန်းတီးစရာဖခင်ဇာမဏီတစ်ကောင်အော်သံထွက်လာပြီး ဇာမဏီကြီးတစ်ကောင် မြေပေါ် ပေါ်လာတယ်။
သူ့အမွေးတွေက သက်တံရောင်စုံ။ သူက တောင်ပံခတ်လိုက်တော့ သူ့ပတ်လည်က လျှပ်စီးတွေ ပျောက်ကွယ်သွားတယ်။ နောက်တော့ သူ့အမြီးရှည်ကြီးကို နဂါးဆီလွှဲယမ်းလိုက်တယ်။ နဂါးကို ထိမှန်မဲ့အစား အမြီးက နဂါးကို သံကြိုးတစ်ချောင်းလို ရစ်ပတ်သွားခဲ့တယ်။ ကြည့်ရတာ ဇာမဏီက နဂါးဒဏ်ရာမရစေဖို့ ကြိုးစားနေတဲ့ပုံပဲ။ ဇာမဏီ အနားကိုဆွဲပြီး နဂါးကို တောင်ပံတွေနဲ့ ဖက်ထားလိုက်တယ်။
"ကျွန်မကို လွှတ်ပေးစမ်း" လုံကျန်း အော်လိုက်တယ်။ ဒါပေမဲ့ သူမ ဇာမဏီရဲ့ ဖမ်းဆုတ်ထားမှုအောက်ကနေ ရုန်းမထွက်နိုင်ဘူး။ သူမ ရွေးစရာမရှိတော့ဘဲ လွတ်မြောက်အောင် လူအသွင် ပြန်ပြောင်းလိုက်ရတော့တယ်။
ဖုန့်စန်းရဲ့ တုံ့ပြန်မှုက သူမထက်တောင်မြန်တယ်။ သူက တစ်ချိန်တည်း လူအသွင် ပြန်ပြောင်းပြီး သူမကို ဆက်ပြီး ဖက်ထားနိုင်ခဲ့တယ်။ သူက ပိုသန်မာပြီးလူကောင်ကြီးတာမို့ သူမကိုမြေကြီးပေါ်လှဲချပြီး ရုန်းမထွက်နိုင်အောင် ချုပ်ထားလိုက်တယ်။
"ကိုယ်မလွှတ်ပေးဘူး"
လုံကျန်း ဒေါသနဲ့ ပေါက်ကွဲတော့မလို ခံစားနေရပေမဲ့ လှုပ်မရဘူး။ သူမရဲ့နတ်ဘုရားစွမ်းအင်တောင် ဖုန့်စန်းရဲ့ဖိနှိပ်မှုကို ခံထားရတယ်။
"ဖုန့်စန်း ခွေးကောင်"
"ကျန်းအာ မင်းစောနက ဘာပြောလိုက်တာလဲဟင်၊ နောက်တစ်ကြိမ် ထပ်ပြောပေးလို့ရမလား"
ဖုန့်စန်းက စိတ်လှုပ်ရှားစွာနဲ့ သူ့အောက် ဖိထားတဲ့အမျိုးသမီးကို တောင်းဆိုတော့တယ်။ သူ့မျက်လုံးတွေလည်း မျက်ရည်ဝဲစ ပြုလာလေရဲ့။
"မင်း ကိုယ့်ကို သဘောကျခဲ့တယ် ပြောလိုက်တာလား၊ ကျန်းအာ မင်းကိုယ့်ကို ကြိုက်တယ်မဟုတ်လား"
"ကျွန်မဆီကနေ ဖယ်စမ်း" လုံကျန်း သူ့ကို အမုန်းတရားအပြည့်မျက်ဝန်းတွေနဲ့ စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်