အခန်း ၃၈၅ ။ ဓားကျင့်ကြံသူများကို လေ့ကျင့်ပေးခြင်း

261 43 0
                                    

အခန်း ၃၈၅ ။ ဓားကျင့်ကြံသူများကို လေ့ကျင့်ပေးခြင်း

"တာအိုရောင်းရင်း ကျေးဇူးပြုပြီး ကျုပ်ကို ယွင်ဟန့်လို့ခေါ်ပါ" ယွင်ဟန့်လေသံက ယဉ်ကျေးပြီး သူ့မျက်လုံးတွေက တလက်လက်တောက်ပစွာနဲ့ ကူယွဲ့ကိုကြည့်လာတယ်။

"ခင်ဗျားကိုဘယ်လို ခေါ်သင့်လဲဗျ"

"ကူယွဲ့ပါ" ဖေဖေနျိုက သူ့စီးပွားရေးဆန်ဆန်အပြုံးနဲ့ ‌ဖြေလိုက်တယ်။ သူ တစ်ဖက်လှည့်ပြီး ပတ်လည်ကလူတွေနဲ့ မိတ်ဆက်ပေးတယ်။

"ဒါတွေက ဝူတိဂိုဏ်းတပည့်တွေလေ၊ သူတို့က မျှဝေပေးဖို့ရောက်လာကြတာ၊ သူတို့ အနာဂတ်မှာ တာအိုရောင်းရင်းနဲ့ ပူးပေါင်းဖို့ စောင့်စားနေပါတယ်"

"ဒါပေါ့ ဒါပေါ့" ယွင်ဟန့်က ခေါင်းညိတ်တယ်။ သူ့အပြောအဆိုအရ သူအရမ်းပျော်နေတယ်ဆိုတာ သိသာတယ်။ "ကျင့်ကြံခြင်းဆိုတဲ့ စကားကိုဖြန့်တာက ကြီးမားတဲ့ကိစ္စပဲ၊ တာအိုရောင်းရင်း  ကျုပ် တတ်နိုင်သမျှ သေချာပေါက် လုပ်ပေးမှာပါ"

ကူယွဲ့ ယွင်ဟန့်နဲ့ စကားအများကြီးပြောဖို့ ရည်ရွယ်ချက်မရှိဘူး။ နောက်ထပ် အာလပသလာပ ဖလှယ်ပြီးတဲ့နောက်မှာ စစ်ယွီတို့ ဝိညာဉ်ကြောတွေစမ်းသပ်ဖို့အတွက် လမ်းပြဖို့ ယွင်ဟန့်ကို သွားခွင့်ပြုခဲ့တယ်။ ခန်းမထဲမှာ သူတို့ သုံးယောက်ပဲ ကျန်တော့တယ်၊ တစ္ဆေတစ်ကောင်နဲ့အတူ။ တပည့်စုဆောင်းခြင်းမှာ သူတို့ပါဖို့ မလိုဘူး။ တကယ်တော့၊ အဲဒါက သူတို့ရဲ့ရာထူးတွေကို စော်ကားရာရောက်သလိုဖြစ်မှာ။ သူတို့ဟာ ကြီးကျယ်တဲ့ ဝင်ရောက်မှုတစ်ခုဖြစ်အောင် အများကြီး အားထုတ်ခဲ့ကြတာ၊ သူတို့ အဲအခန်းကဏ္ဍကို အဆုံးထိ ကောင်းကောင်းကစားနိုင်တာ သေချာအောင်လုပ်ရမယ်။

ဒါပေမဲ့ကူယွဲ့ ဒီကမ္ဘာငယ်လေးထဲက လူတွေရဲ့ အရည်အသွေးအပေါ် သူ၏သိချင်စိတ်ကို မထိန်းဘဲ မနေနိုင်။ သူတို့အောက်က စမ်းသပ်စင်မြင့်ကို ပြသနေတဲ့ သလင်းကျောက်ကို ထုတ်ယူလိုက်တယ်။ အဲအချိန် စင်မြင့်ရှေ့မှာ လူတန်းရှ ည်ကြီးတန်းစီနေတယ်။ စိတ်တန်ခိုးကျင့်ကြံသူအမျိုးမျိုးက စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတယ်။ စစ်ယွီနဲ့ တခြားသူတွေ အဲကို ရောက်နေကြပြီထင်၊ လူအုပ်ကြီးက ရှေ့ကိုရောက်ဖို့ တွန်းပြီး တိုးဝှေ့မနေဘူး။ အဲအစား အရာရာတိုင်းက စည်းစနစ်တကျ သွားနေတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Where stories live. Discover now