အခန်း ၂၃၃ ။ ကံမကောင်းသောကလေး
"အဲဆုကိုရဖို့ ခက်ပါတယ်နော် - သူတို့က နှစ်နှစ်မှ တစ်ကြိမ် ပေးတာ"
"ဆရာက နှိုင်းယှဉ်လို့မရအောင် ဉာဏ်ကောင်းတာပဲ" ယိချင်းက သူ့ဆရာကို အပြေး အခိုင်အမာ ပြောတော့တယ်။
"ဆရာက ဉာဏ်ရည်မြင့်မားပြီး ဘောင်အပြင်ဘက်က စဉ်းစားတယ်၊ ဆရာ ကျွန်တော်တို့ မရနိုင်တဲ့အရာတွေကို အောင်မြင်ဆွတ်ခူးနိုင်ပြီး ကျွန်တော်တို့ တွေးတောင် မတွေးနိုင်တဲ့အရာတွေကို စဉ်းစားနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး"
ငဖားဟေ့
ကူယွဲ့က စားဖိုမှူးကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ မင်း သူဘာပြောနေလဲ နားမလည်ဘူးလို့သာ ဝန်ခံလိုက်စမ်းပါ မင်း သူ့ကိုတစ်စက္ကန့်လောက် မဖားရတော့ သေသွားမှာမို့လို့လား။
ထပ်ပြီးစဉ်းစားကြည့်ရင် ရှန်းရင်က တကယ်တော့ အတော်လေး ဉာဏ်ကောင်းတယ်။ သေချာပေါက်၊ အဲဒါက သူမ မပျင်းရိတဲ့အချိန်ပေါ့။
"ဒါတွေက ဘာအရေးကြီးလို့တုံး၊ မင်း တခြားဘာလုပ်နိုင်လဲ"
"အာ..." ရှန်းရင်က တစ်ခဏစဉ်းစားနေပြီး ပြန်ဖြေလာတယ်။
"ငါ ပျင်းရင် နည်းပညာပိုင်းကိရိယာတွေကို ကလိနိုင်တယ်၊ အဲဒါရော ထည့်တွက်လား"
"အိုင်တီလား၊ မင်းကလေ" ကူယွဲ့ သူမကိုခေါင်းစခြေဆုံးကြည့်မိလိုက်တယ်။
"ဒါက ငါ့ကျွမ်းကျင်မှုလေ၊ မင်းလုပ်သမျှက လက်ဆော့ရုံပဲနေမှာ - အဲဒါကို အိုင်တီလို့ မစဉ်းစားဘူး" လတ်လျားလတ်လျားနေတဲ့သူက အိုင်တီအကြောင်း ဘာသိလိမ့်မှာလဲ။
"ငါတခြားအကြောင်းတွေလည်းသိတယ်လေ" ရှန်းရင်က အာမေဍိတ်သံပြုလာတယ်။
"ဘာလဲ"
"ဥပမာအနေနဲ့..." သူမက တစ်ခဏစဉ်းစားပြီး ပြန်ဖြေတယ်။
"နင့်ကုမ္ပဏီမှာ ကြယ်စုနှစ်ဂိမ်းတစ်ခု ရှိတယ်လေ၊ ဒါပေမဲ့ ပင်မစက်ပစ္စည်းကို ပြုပြင်မွမ်းမံထားတယ်ဆိုတာကို နင့်ကုမ္ပဏီက ငါးနှစ်ကြာမှသိတယ်မလား"
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်