အခန်း ၃၄၂ ။ အမတဗိမာန်သို့ အပြန်
မုန်လာဥဖြူက အနောက်နန်းတော်ဆီ မရောက်မချင်းထိမရပ်။ စားပွဲမှာ ရင်းနှီးတဲ့ပုံသဏ္ဌာန်က ထိုင်နေတာမြင်ပြီး မုန်လာဥဖြူတစ်ကိုယ်လုံး မယုံကြည်နိုင်ဟန် အနည်းငယ်တုန်ယင်လာတယ်။
"မမ... လေးလား"
စားနေတဲ့ရှန်းရင် နောက်လှည့်လာပြီး တူကိုကိုင်ထားရင်း လက်တစ်ဖက်ယမ်းပြလိုက်တယ်။
"ဟေး မုန်လာဥဖြူလေး"
"မမလေး... မမ... လေး" မုန်လာဥဖြူက ရှေ့ကို အမြန်တိုးလာပေမဲ့ ရှန်းရင်ဘေးရောက်ချိန် နောက်တစ်ကြိမ်ရပ်သွားပြန်ကာ နှာကိုရှုံ့တယ်။ နောက်တော့ မုန်လာဥဖြူတစ်ကိုယ်လုံး ရေတွေနောက်တစ်ကြိမ်လွှမ်းသွားပြန်တယ်။
"ဝါး... မမလေး ပြန်လာပြီပေါ့၊ နောက်ဆုံးတော့... နောက်ဆုံးတော့ ပြန်လာပြီပဲ၊ မုန်လာဥဖြူ... မုန်လာဥဖြူ အရမ်းကို ကြောက်နေတာ၊ အရမ်း အရမ်းကို ကြောက်နေတာ... အားးးး"
သူငိုလေ ပိုပြီးဝမ်းနည်းလာလေပဲ။ ပြီးတော့ ထိန်းချုပ်နိုင်တော့မဲ့ပုံမပေါ်။ ငိုတာ မုန်လာဥဖြူတစ်ကိုယ်လုံး နည်းနည်းတောင် ခြောက်သွားတဲ့ပုံ။ သူများအနိုင်ကျင့်တာခံရပြီး မိဘဆီ ပြေးတိုင်တဲ့ ကလေးလိုမျိုးပဲ။
ရှန်းရင် သူမဘေးက စားဖိုမှူးနဲ့ အကြည့်ချင်းဖလှယ်ကာ သက်ပြင်းချပြီး သူမလက်ထဲကနေ ပန်းကန်လုံးကိုချ မုန်လာဥဖြူရဲ့ခေါင်းပေါ်က နွမ်းခြောက်ခြောက်အရွက်တွေကို ထိလိုက်တယ်။
"ဒါ ဘာဖြစ်တာလဲ"
"မမလေး... မမလေး..." မုန်လာဥဖြူက ငိုယိုတာကနေ ရင်ဘတ်အောင့်နေတဲ့ပုံ။ သူက ကြို့ထိုးရင်း အမြန်အလောတကြီး ပြောလာတယ်။
"မြန်မြန်... မြန်မြန်ကယ်ပေးပါ... အားလုံးကို မမလေး... ဖမ်းခံရ"
သုံးယောက်သား မှင်တက်သွားတယ်။ သူ့နောက်ကနေလိုက်လာတဲ့ ကူယွဲ့ ရှေ့ကိုတက်ကာ မေးလိုက်တယ်။
"ယွီဟုန်ကိုပြောတာလား၊ သူ့ကို ဘယ်သူဖမ်းတာလဲ၊ တခြားသူတွေ ဘယ်ရောက်သွားတာလဲ၊ ငါတို့ကို ရှင်းအောင်ပြော"
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်