အခန်း ၃၃၀ ။ ပိုင်ဟယ်လေး
"အစ်မကြီး တကယ် ရှင်ပဲ၊ တကယ်ရှင်ပဲ မဟုတ်လား" သူမက စိတ်လှုပ်ရှားလွန်းလို့ ငိုတော့မလို ဖြစ်နေပြီ။ ရှန်းရင်ကို သူမ တင်းတင်းကြပ်ကြပ်ဖက်ထားရင်း အံ့ဩတကြီးရေရွတ်တယ်။
"အစ်မကို ထပ်တွေ့ရမယ်ဆိုတာ သိသားပဲ"
သောက်ကျိုးနည်းဟ။
"ပိုင်ဟယ်" ပိုင်ဟယ် တွန်းထုတ်လို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့တဲ့ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူက ရှန်းရင်ဆီကနေ သူမကို ခွာထုတ်ဖို့ ရှေ့ကိုတက်တော့တယ်။
"ဆရာ့ကို ရိုသေမှုနည်းနည်းပြစမ်း"
"အာ" ပိုင်ဟယ်က ယိချင်း အဲနေရာမှာ ရပ်နေတာကို ခုမှသတိထားမိသလိုမျိုး တန့်သွားတယ်။
"ဘေးအိမ်က အစ်ကိုကြီး၊ ရှင် ဒီမှာဘာလုပ်နေတာလဲ"
ယိချင်း သူမကို အထင်သေးမှုနဲ့ပြန်ကြည့်ကာ ရှန်းရင်ကို အနားဆွဲခေါ်လိုက်တယ်။
"ငါကက ဆရာ့ရဲ့ တပည့်ပဲ၊ သေချာပေါက် ငါ ဒီမှာရှိမှာပေါ့" မင်းက ဘာလို့ သူမကိုဖက်နေတာလဲ။ သူ့ကိုထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။
"ဆရာလား" သူမက ယိချင်းကို ခေါင်းစခြေဆုံး စစ်ဆေးကာ ရှန်းရင်ကို လှမ်းကြည့်တယ်။ သူမနားထောင်လိုက်ရတာကို ယုံရခက်ခက်။
ရုတ်တရက် သူမ တစ်စုံတရာကိုနားလည်သွားပြီး အံ့ဩတကြီးရေရွတ်တယ်။
"ကျွန်မကို ကယ်ခဲ့တဲ့ အစ်မကြီးရဲ့ တပည့် ဖြစ်လာတာပဲ"
သူမမျက်လုံးတွေက ခု ယိချင်းကို ရန်သူလိုဆက်ဆံနေတာ အသိသာကြီး။ အဲအစား ရှန်းရင်ဘက်ကို လှည့်ကြည့်ကာ ပိုင်ဟယ့်မျက်လုံးတွေက မျက်ရည်ဝဲစပြုလာတယ်။
"မကြီး၊ ကျွန်မကို မှတ်မိသေးလားဟင်၊ ကျွန်မက နျိုနျိုပါ အရင်က မကြီးကယ်ခဲ့တဲ့ နျိုနျိုလေ မကြီးကြောင့် ကျင့်ကြံသူဖြစ်လာခဲ့တာ"
"အာ..." ရှန်းရင် ဇဝေဇဝါနဲ့ ခေါင်းစောင်းလိုက်တယ်။
"ကျွန်မက အရင်က ယိချင်းအိမ်ဘေးမှာနေတဲ့ အမေဝမ်ရဲ့မြေးမပါ" ပိုင်ဟယ်က ကြိုးစားပြန်တယ်။
YOU ARE READING
ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)
FantasyBook 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ်