အခန်း ၃၁၅ ။ မိစ္ဆာများ တောင်ကိုတိုက်ခိုက်ခြင်း

379 74 0
                                    

အခန်း ၃၁၅ ။ မိစ္ဆာများ တောင်ကိုတိုက်ခိုက်ခြင်း

"သိပြီ" ကူယွဲ့က ခေါင်းညိတ်တယ်။ သူတို့ ရောက်လာတာ တကယ်ကိုမြန်တာပဲ။ သူ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"လျှောက်မသွားနဲ့ဦး" နောက်တော့ သူ့ကိုယ်ခန္ဓာက လက်ခနဲအရောင်ထသွားပြီး ရှိနေတဲ့နေရာက ချက်ချင်း ပျောက်သွားတယ်။

အဲအခိုက်အတန့်မှာ တောင်တံခါးအပြင်ဘက်က နေရာမှာ မျိုးနွယ်စုအမျိုးမျိုးက မိစ္ဆာတွေအားလုံးနဲ့ ပြည့်နေတယ်။ ပြီးတော့ အများစုက သတ္တမနဲ့အဋ္ဌမအဆင့် မိစ္ဆာကြီးတွေ။ နဝမအဆင့်တချို့တောင် ပါသေး။

တောင်အကာအကွယ်အစီအရင်ကြောင့်သာမဟုတ်ရင် သူတို့ တောင်ဆီကို အသည်းအသန်ပြေးဝင်လာလောက်ပြီ။

လော့ဟုန် မိစ္ဆာတွေကိုကြည့်ရင်း တောင်အကာအကွယ်အင်းကွက်ကို ထိန်းဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်။ မိစ္ဆာတွေက ရက်စက်ပြီး လက်စားချေတတ်တဲ့စရိုက် ရှိတာသိပေမဲ့ ကလေးတစ်စုနောက် ဒီထိ လိုက်လာမယ်မထင်ခဲ့ဘူး။

"အဘိုးကြီး၊ မင်း အခြေအနေကိုသိရင် အင်းကွက်ကိုဖွင့်လိုက်၊ ခင်ဗျားတို့တပည့်တချို့ကိုလွှတ်ပေးမယ်၊ မဟုတ်လို့ကတော့..." ခွေးအမိစ္ဆာတစ်ကောင်က ထွက်လာပြီး သူ့သွေးသံရဲရဲသွားကို လူအုပ်ကြီးဆီ မာန်ဖီပြတယ်။

"ငါတို့ဝင်လာချိန် မင်းတို့အားလုံးကို အရိုးထိစားပစ်မယ်"

"ရဲတင်းလိုက်တဲ့ မိစ္ဆာတွေ" လော့ဟုန် အေးစက်စက် နှာမှုတ်လိုက်တယ်။

"အစတည်းက လူတွေကို မစားသင့်တာ‌၊ မင်းတို့တွေ ဝတ်ရုံစိမ်းဂိုဏ်းကိုတောင် ဖျက်ဆီးခဲ့တာကို ခု ငါတို့ရိုးသားမှုဂိုဏ်းဆီ လာရဲသေးတယ်ပေါ့လေ၊ ကြမ္မာ‌ဆိုးတွေနဲ့ပြည့်ပြီး မင်းတို့ရဲ့ နှစ်ထောင်ချီကျင့်ကြံမှုတွေကို ဖျက်ဆီးခံရမှာ မကြောက်ဘူးလား"

"ဖွီ" ခွေးအမိစ္ဆာက လုံးဝကို အထင်သေးနေပုံ။

"ဒီအကြောင်းတွေပြောနေတာ တော်တော့၊ မင်းတို့လူသားမျိုးနွယ်ပဲ ကံအကျိုးအကြောင်းယုံမယ်၊ ငါတို့တွေက အစတည်းကမိစ္ဆာတွေပဲ၊ လူသားမစားရင် ငါတို့က ဆန်ပြုတ်နဲ့ထမင်းစားရမှာလား"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 2)Opowieści tętniące życiem. Odkryj je teraz